အမရပူရ ရွှေဂဲ ရေဆိုးထုတ်ရေတံခါးအနီး ကျိုးပေါက်၊ လူ ၄ ထောင်ကျော် ရွှေ့ပြောင်းရ

0
141

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ မန္တလေး-စစ်ကိုင်း ကမ်းနားလမ်းမှာရှိတဲ့ ရွှေဂဲ ရေဆိုးထုတ် ရေတံခါးအနီး ဇူလိုင်လ ၁၉ ရက် ညက ကျိုးပေါက်ပြီး ဧရာဝတီမြစ်ရေတွေ စီးဆင်းဝင်လာလို့ အနီးနားရပ်ကွက်ရှိ လူ ၄ ထောင်ကျော် ရေဘေး အရေးပေါ် ရွှေ့ပြောင်းခဲ့ရပါတယ်။

ရေတံခါးကျိုးပေါက်မှုကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ညတွင်းချင်း စက်ယန္တရားတွေ အသုံးပြုပြီး အခြေအနေ ထိန်းသိမ်း ဆောင်ရွက်နေကြပါတယ်။

မန္တလေးတိုင်းဒေသကြီး အစိုးရ၊ လူကယ်ပြန်နဲ့ လူမှုအဖွဲ့အစည်းများ ပူးပေါင်းပြီး သဲအိတ်များ အလုံအလောက် အသုံးပြုနိုင်ရေး လိုအပ်တာတွေ ပူးပေါင်းဆောင်ရွက်နေကြောင်း၊ လူကယ်ပြန်က သဲနဲ့ သဲအိတ်ဖိုး ကုန်ကျငွေများ ပံ့ပိုးပေးလျက်ရှိကြောင်း၊ ကျိုးပေါက်ရာနေရာအတွက် ပညာရှင်များနဲ့ ညှိနှိုင်းပြီး အမျိုးမျိုး ကြိုးစားဆောင်ရွက်နေကြကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဒီနေ့ ဇူလိုင်လ ၂၀ ရက်နေ့မှာ Facebook လူမှုမီဒီယာပေါ်မှာ ရေးသားထားပါတယ်။

ဒါ့အပြင် ရေဘေးရွှေ့ပြောင်းရသူဦးရေ ၄ ထောင်ကျော်ကို တွေ့ဆုံအားပေးပြီး တစ်ပတ်စာ ဆန်ရိက္ခာဖိုးငွေ ထောက်ပံ့ခဲ့ကြောင်း၊ COVID ကာလ လိုက်နာရန်များ ပညာပေးခြင်း၊ Mask များ၊ လက်ဆေးဆပ်ပြာများ ထောက်ပံ့ခြင်းနဲ့ ရေဘေးရှောင်များကို အတတ်နိုင်ဆုံး မိသားစုအလိုက် ခပ်ခွာခွာစီစဉ်ထားကြောင်းလည်း ဝန်ကြီးက ရေးသားထားပါတယ်။

မှနမြာနိုငငြံ အထကပြိုငြးမှာ ပှီးခဲ့တဲ့ ရကပြိုငြးက မိုးသညြးထနစြှာ ရှာသှနြးမှုကှောင့ြ ဧရာဝတီမှဈရေ မှင့တြကလြာပှီး ကခငွပြှညနြယြ၊ စဈကိုငြးနဲ့ မနျတလေးတိုငြးတို့မှာ မှဈရကှေီးမှု အနျတရာယနြဲ့ ကှုံတှေ့နရပေါတယြ။

__________________

__________________

အမရပူရ ရှှဂေဲ ရဆေိုးထုတျရတေံခါးအနီး ကြိုးပေါကျ၊ လူ ၄ ထောငျကြောျ ရှှေ့ပွောငျးရ

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ မန္တလေး-စစ်ကိုင်း ကမ်းနားလမ်းမှာရှိတဲ့ ရွှေဂဲ ရေဆိုးထုတ် ရေတံခါးအနီး ဇူလိုင်လ ၁၉ ရက် ညက ကျိုးပေါက်ပြီး ဧရာဝတီမြစ်ရေတွေ စီးဆင်းဝင်လာလို့ အနီးနားရပ်ကွက်ရှိ လူ ၄ ထောင်ကျော် ရေဘေး အရေးပေါ် ရွှေ့ပြောင်းခဲ့ရပါတယ်။

ရေတံခါးကျိုးပေါက်မှုကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ညတွင်းချင်း စက်ယန္တရားတွေ အသုံးပြုပြီး အခြေအနေ ထိန်းသိမ်း ဆောင်ရွက်နေကြပါတယ်။

မန္တလေးတိုင်းဒေသကြီး အစိုးရ၊ လူကယ်ပြန်နဲ့ လူမှုအဖွဲ့အစည်းများ ပူးပေါင်းပြီး သဲအိတ်များ အလုံအလောက် အသုံးပြုနိုင်ရေး လိုအပ်တာတွေ ပူးပေါင်းဆောင်ရွက်နေကြောင်း၊ လူကယ်ပြန်က သဲနဲ့ သဲအိတ်ဖိုး ကုန်ကျငွေများ ပံ့ပိုးပေးလျက်ရှိကြောင်း၊ ကျိုးပေါက်ရာနေရာအတွက် ပညာရှင်များနဲ့ ညှိနှိုင်းပြီး အမျိုးမျိုး ကြိုးစားဆောင်ရွက်နေကြကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဒီနေ့ ဇူလိုင်လ ၂၀ ရက်နေ့မှာ Facebook လူမှုမီဒီယာပေါ်မှာ ရေးသားထားပါတယ်။

ဒါ့အပြင် ရေဘေးရွှေ့ပြောင်းရသူဦးရေ ၄ ထောင်ကျော်ကို တွေ့ဆုံအားပေးပြီး  တစ်ပတ်စာ ဆန်ရိက္ခာဖိုးငွေ ထောက်ပံ့ခဲ့ကြောင်း၊ COVID ကာလ လိုက်နာရန်များ ပညာပေးခြင်း၊ Mask များ၊ လက်ဆေးဆပ်ပြာများ ထောက်ပံ့ခြင်းနဲ့ ရေဘေးရှောင်များကို အတတ်နိုင်ဆုံး မိသားစုအလိုက် ခပ်ခွာခွာစီစဉ်ထားကြောင်းလည်း ဝန်ကြီးက ရေးသားထားပါတယ်။

မြန်မာနိုင်ငံ အထက်ပိုင်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေ မြင့်တက်လာပြီး ကချင်ပြည်နယ်၊ စစ်ကိုင်းနဲ့ မန္တလေးတိုင်းတို့မှာ မြစ်ရေကြီးမှု အန္တရာယ်နဲ့ ကြုံတွေ့နေရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)