႐ုိးရာလက္ေဝွ႕ ေရႊခါးပတ္ခ်န္ပီယံလုပြဲ က်င္းပမယ္

0
394

ေရႊခါးပတ္ ခ်န္ပီယံဗိုလ္လုပြဲ (၂ဝ၁၈) GOLDEN BELT CHAMPIONSHIP 2018 ကို ရန္ကုန္ၿမိဳ႕ရွိ သိမ္ျဖဴ လက္ေဝွ႔အားကစား႐ုံမွာ ဇူလိုင္ ၂၁ ရက္ႏွင့္ ၂၂ ရက္တုိ႔မွာ ကြာတားဖိုင္နယ္ပြဲစဥ္ နဲ႔ ဇူလိုင္ ၂၉ ရက္တြင္ ဆီမီးဖိုင္နယ္ ပြဲစဥ္ကုိ က်င္းပသြားမွာ ျဖစ္ပါတယ္။

ခ်န္ပီယံ ဗိုလ္လုပြဲကို ၾသဂုတ္ ၁ဝ ရက္ ေန႔မွာ မႏၲေလးၿမိဳ႕ရွိ ဒိုင္းမြန္းပလာဇာ၌ က်င္းပသြားမွာျဖစ္ပါတယ္။
အဲဒီပြဲမွာ အထူးစိန္ေခၚပြဲစဥ္အျဖစ္ ျမန္မာႏိုင္ငံက ေရႊခါးပတ္ခ်န္ပီယံ ထြန္းထြန္းမင္း နဲ႔ ထိုင္းႏိုင္ငံက ထိုင္းဖိုက္ဆိုင္းေယာ့တို႔ ဇူလိုင္ ၂၂ ရက္မွာ ယွဥ္ၿပိဳင္ ထိုးသတ္ၾကမွာျဖစ္ပါတယ္။

ေရႊခါးပတ္ခ်န္ပီယံလုပြဲကို ျမန္မာႏိုင္ငံတစ္ဝန္းမွာရွိတဲ့ ႐ိုးရာလက္ေဝွ႔ကလပ္အသင္းေပါင္းစုံက အေကာင္းဆုံး လက္ေဝွ႔သမားေတြကို ဖိတ္ေခၚၿပီးေတာ့ ကိုယ္အေလးခ်ိန္ ဝိတ္တန္းအလိုက္ အတန္းခုနစ္တန္းမွာ တစ္တန္းကို ရွစ္ဦးေရြးခ်ယ္ၿပီး ကြာတားဖိုင္နယ္၊ ဆီမီးဖိုင္နယ္၊ ဗိုလ္လုပြဲအဆင့္ဆင့္ယွဥ္ၿပိဳင္ၿပီး ဝိတ္တန္းအလိုက္ ေ႐ႊခါးပတ္ခ်န္ပီယံခုနစ္ဦး ေပၚထြန္းလာမွာျဖစ္ပါတယ္။။ ဒါ့အျပင္ အဲဒီပြဲမွာ အမ်ိဳးသမီးဝိတ္တန္း တစ္တန္း ပါဝင္မွာျဖစ္ၿပီး ေရႊခါးပတ္ခ်န္ပီယံတစ္ဦး ထပ္မံ ေပၚထြန္းလာမွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရိုးရာလက်ဝှေ့ ရွှေခါးပတ်ချန်ပီယံလုပွဲ ကျင်းပမယ်

ရွှေခါးပတ် ချန်ပီယံဗိုလ်လုပွဲ (၂ဝ၁၈) GOLDEN BELT CHAMPIONSHIP 2018 ကို ရန်ကုန်မြို့ရှိ သိမ်ဖြူ လက်ဝှေ့အားကစားရုံမှာ ဇူလိုင် ၂၁ ရက်နှင့် ၂၂ ရက်တို့မှာ ကွာတားဖိုင်နယ်ပွဲစဉ် နဲ့ ဇူလိုင် ၂၉ ရက်တွင် ဆီမီးဖိုင်နယ် ပွဲစဉ်ကို ကျင်းပသွားမှာ ဖြစ်ပါတယ်။

ချန်ပီယံ ဗိုလ်လုပွဲကို သြဂုတ် ၁ဝ ရက် နေ့မှာ မန္တလေးမြို့ရှိ ဒိုင်းမွန်းပလာဇာ၌ ကျင်းပသွားမှာဖြစ်ပါတယ်။
အဲဒီပွဲမှာ အထူးစိန်ခေါ်ပွဲစဉ်အဖြစ် မြန်မာနိုင်ငံက ရွှေခါးပတ်ချန်ပီယံ ထွန်းထွန်းမင်း နဲ့ ထိုင်းနိုင်ငံက ထိုင်းဖိုက်ဆိုင်းယော့တို့ ဇူလိုင် ၂၂ ရက်မှာ ယှဉ်ပြိုင် ထိုးသတ်ကြမှာဖြစ်ပါတယ်။

ရွှေခါးပတ်ချန်ပီယံလုပွဲကို မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ ရိုးရာလက်ဝှေ့ကလပ်အသင်းပေါင်းစုံက အကောင်းဆုံး လက်ဝှေ့သမားတွေကို ဖိတ်ခေါ်ပြီးတော့ ကိုယ်အလေးချိန် ဝိတ်တန်းအလိုက် အတန်းခုနစ်တန်းမှာ တစ်တန်းကို ရှစ်ဦးရွေးချယ်ပြီး ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်၊ ဗိုလ်လုပွဲအဆင့်ဆင့်ယှဉ်ပြိုင်ပြီး ဝိတ်တန်းအလိုက် ရွှေခါးပတ်ချန်ပီယံခုနစ်ဦး ပေါ်ထွန်းလာမှာဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီပွဲမှာ အမျိုးသမီးဝိတ်တန်း တစ်တန်း ပါဝင်မှာဖြစ်ပြီး ရွှေခါးပတ်ချန်ပီယံတစ်ဦး ထပ်မံ ပေါ်ထွန်းလာမှာ ဖြစ်ပါတယ်။

https://www.mcntv.biz/wp-content/uploads/2020/08/Gads12-09.jpg (Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)