ပန်းဘဲတန်းမြို့မ စခန်းမှူးဟောင်း အပါအဝင် လေးဦးကို အဂတိတိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်

0
172

ပန်းဘဲတန်းမြို့မ စခန်းမှူးဟောင်း အပါအဝင် လေးဦးကို အဂတိ တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က သတင်း ထုတ်ပြန်ထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်လူငယ်များရိပ်သာ စည်းကမ်းထိန်းသိမ်းရေးနဲ့ အလုပ်အမှုဆောင် အဖွဲ့က ရန်ကုန်လူငယ်များဂေဟာ စီမံခန့်ခွဲခွင့် ရရှိဖို့အတွက် အငြင်းပွားမှုအပေါ် အပြန်အလှန် တရားစွဲဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပန်းဘဲတန်းမြို့နယ် ဥပဒေအရာရှိ၊ တရားရုံး၊ ရဲစခန်းမှူးနဲ့ တာဝန်ရှိသူတို့က ဦးဉာဏ်ထွန်းထွန်း ခေါင်းဆောင်တဲ့ အဖွဲ့ထံက လာဘ်ငွေတွေ တောင်းခံရယူခဲ့တာကို အရေးယူပေးဖို့ တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့မ စခန်းမှူး ဒုတိယရဲမှူး အောင်ဇော်မိုး (ယခု ဦးစီး (၅)၊ စီမံ/အုပ်ချုပ်ဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်၊ နေပြည်တော်) ဟာ (ပ) ၁၅၁/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၄၅၁/၃၄၁/၄၂၇/၅၀၆/ ၁၁၄ အမှုနဲ့ စပ်လျဉ်းလို့ ရဲခံဝန်ချုပ် အာမခံ ပြုလုပ်ရာမှာ ဦးမြင့်ဦးထံက ငွေကျပ် ၆ သိန်းကို လက်ခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ နဲ့ အမှုဖွင့်လိုက်တာ ဖြစ်ပါတယ်။

တရားစွဲနှင့် အမှုလိုက်ဦးစီးဌာန၊ စာချွန်တော်ဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်နီနီဝင်း (ယခု မြောင်းမြခရိုင် ဥပဒေအရာရှိ) ဟာ ပန်းဘဲတန်းမြို့မ ရဲစခန်း (ပ) ၁၄၁/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၄၀၉ နဲ့ (ပ) ၁၅၁/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၄၅၁/၃၄၁/၄၂၇/၅၀၆/၁၁၄ အမှု နှစ်မှုကို အကြံပေးပြင်ဆင်လိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ စုစုပေါင်း ငွေကျပ် ၅၇ သိန်းကို ၇ ကြိမ်ခွဲပြီး လက်ခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇ နဲ့ အမှုဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်မြို့လူငယ်များဂေဟာ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ထွန်းထွန်းနဲ့ ဘဏ္ဍာရေးမှူး ဦးမြင့်ဦးတို့ဟာ ဒုတိယရဲမှူး အောင်ဇော်မိုးနဲ့ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်နီနီဝင်း တို့အား ငွေကြေးပေးဖို့ စီမံခန့်ခွဲမှုပြုခဲ့လို့ အဂတိလိုက်စားမှု ကျူးလွန်ရာမှာ အားပေးကူညီကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့လို့ သူတို့ နှစ်ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၆၃ နဲ့ အမှုဖွင့်စစ်ဆေးခဲ့ပါတယ်။

အဲဒီ လေးဦးကို ရနကြုနတြိုငြးဒသကှေီး၊ ပနြးဘဲတနြးမှို့မ ရဲစခနြးနဲ့ သကဆြိုငရြာ ရဲစခနြးတှမှော ပထမသတငြးပေး တိုငကြှားခကွြ ဖှင့လြှဈ တရားစှဲဆို အရေးယူနိုငဖြို့ ဆောငရြှကနြတယေလြို့ အဂတိလိုကစြားမှု တိုကဖြကွရြေး ကောမြရှငကြ သတငြးထုတပြှနထြားပါတယြ။

_________________

_________________


ပန်းဘဲတန်းမြို့မ စခန်းမှူးဟောင်း အပါအဝင် လေးဦးကို အဂတိ တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က သတင်း ထုတ်ပြန်ထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်လူငယ်များရိပ်သာ စည်းကမ်းထိန်းသိမ်းရေးနဲ့ အလုပ်အမှုဆောင် အဖွဲ့က ရန်ကုန်လူငယ်များဂေဟာ စီမံခန့်ခွဲခွင့် ရရှိဖို့အတွက် အငြင်းပွားမှုအပေါ် အပြန်အလှန် တရားစွဲဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပန်းဘဲတန်းမြို့နယ် ဥပဒေအရာရှိ၊ တရားရုံး၊ ရဲစခန်းမှူးနဲ့ တာဝန်ရှိသူတို့က ဦးဉာဏ်ထွန်းထွန်း ခေါင်းဆောင်တဲ့ အဖွဲ့ထံက လာဘ်ငွေတွေ တောင်းခံရယူခဲ့တာကို အရေးယူပေးဖို့ တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့မ စခန်းမှူး ဒုတိယရဲမှူး အောင်ဇော်မိုး (ယခု ဦးစီး (၅)၊ စီမံ/အုပ်ချုပ်ဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်၊ နေပြည်တော်) ဟာ (ပ) ၁၅၁/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၄၅၁/၃၄၁/၄၂၇/၅၀၆/ ၁၁၄ အမှုနဲ့ စပ်လျဉ်းလို့ ရဲခံဝန်ချုပ် အာမခံ ပြုလုပ်ရာမှာ ဦးမြင့်ဦးထံက ငွေကျပ် ၆ သိန်းကို လက်ခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ နဲ့ အမှုဖွင့်လိုက်တာ ဖြစ်ပါတယ်။

တရားစွဲနှင့် အမှုလိုက်ဦးစီးဌာန၊ စာချွန်တော်ဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်နီနီဝင်း (ယခု မြောင်းမြခရိုင် ဥပဒေအရာရှိ) ဟာ ပန်းဘဲတန်းမြို့မ ရဲစခန်း (ပ) ၁၄၁/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၄၀၉ နဲ့ (ပ) ၁၅၁/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၄၅၁/၃၄၁/၄၂၇/၅၀၆/၁၁၄ အမှု နှစ်မှုကို အကြံပေးပြင်ဆင်လိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ စုစုပေါင်း ငွေကျပ် ၅၇ သိန်းကို ၇ ကြိမ်ခွဲပြီး လက်ခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇ နဲ့ အမှုဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်မြို့လူငယ်များဂေဟာ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ထွန်းထွန်းနဲ့ ဘဏ္ဍာရေးမှူး ဦးမြင့်ဦးတို့ဟာ ဒုတိယရဲမှူး အောင်ဇော်မိုးနဲ့ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်နီနီဝင်း တို့အား ငွေကြေးပေးဖို့ စီမံခန့်ခွဲမှုပြုခဲ့လို့ အဂတိလိုက်စားမှု ကျူးလွန်ရာမှာ အားပေးကူညီကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့လို့ သူတို့ နှစ်ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၆၃ နဲ့ အမှုဖွင့်စစ်ဆေးခဲ့ပါတယ်။

အဲဒီ လေးဦးကို ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့မ ရဲစခန်းနဲ့ သက်ဆိုင်ရာ ရဲစခန်းတွေမှာ ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ် တရားစွဲဆို အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)