Quarantine ရက်ပြည့်ပြီးတဲ့ တရားဟောဆရာ ဒေးဗစ်လားကို တရားစွဲဆိုမှု စတင်

0
1018

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် ပြန်လည် သက်သာလာပြီး ဒီနေ့ မေလ ၂၀ ရက်နေ့မှာ quarantine ရက်ပြည့်သွားတဲ့ ခရစ်ယာန် တရားဟောဆရာ ဒေးဗစ်လားကို သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ နဲ့ မရမ်းကုန်းမြို့နယ်မှာ စတင် တရားစွဲဆိုလိုက်ပါတယ်။

ဒေးဗစ်လား quarantine ဝင်ရာ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်အောင်ကျော်လမ်းရှိ City Hotel Yangon ကနေ မရမ်းကုန်းမြို့နယ် တရားရုံးကို ဒီနေ့ မနက် ၈ နာရီခန့်က ရုံးထုတ်ဖို့ ခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။

အစိုးရက ထုတ်ပြန်ထားတဲ့ လူစုလူဝေး မလုပ်ရ အမိန့်ကို မလိုက်နာဘဲ ဘာသာရေးယုံကြည်ချက်နဲ့ ကပ်ရောဂါကို ရောထွေးဟောပြောခဲ့တဲ့ ဒေးဗစ်လားအပြင် တရားပွဲစီစဉ်သူ ဝေထွန်း (နဝရတ်) အပါအဝင် သုံးဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ နဲ့ မရမ်းကုန်းမြို့နယ်၊ အင်းစိန်မြို့နယ်တို့မှာ တရားစွဲထားတာ ဖြစ်ပါတယ်။

ကနေဒါနိုင်ငံသား ခံယူထားတဲ့ ဒေးဗစ်လားရဲ့ တရားပွဲကနေ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုတွေ များပြားခဲ့ခြင်းအပေါ် အများပြည်သူကလည်း ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။

သဘာဝဘေးအနတြရာယဆွိုငရွာ စီမံခန့ခွှဲမှုဥပဒေ ပုဒမွ ၂၅ ဟာ ပှဈမှုထငရွှားရငွ ၃ နှဈထကွ မပိုတဲ့ ထောငဒွဏနွဲ့ ငှဒဏလွေညွး ခမှှတနွိုငကွှောငွး ပှဋဌြာနွးထားပါတယွ။

__________________

Photo – ရှှအငြေးသား ခငမြောငဝြငြး

__________________

Quarantine ရက်ပြည့်ပြီးတဲ့ တရားဟောဆရာ ဒေးဗစ်လားကို တရားစွဲဆိုမှု စတင်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် ပြန်လည် သက်သာလာပြီး ဒီနေ့ မေလ ၂၀ ရက်နေ့မှာ quarantine ရက်ပြည့်သွားတဲ့ ခရစ်ယာန် တရားဟောဆရာ ဒေးဗစ်လားကို သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ နဲ့ မရမ်းကုန်းမြို့နယ်မှာ စတင် တရားစွဲဆိုလိုက်ပါတယ်။

ဒေးဗစ်လား quarantine ဝင်ရာ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်အောင်ကျော်လမ်းရှိ City Hotel Yangon ကနေ မရမ်းကုန်းမြို့နယ် တရားရုံးကို ဒီနေ့ မနက် ၈ နာရီခန့်က ရုံးထုတ်ဖို့ ခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။

အစိုးရက ထုတ်ပြန်ထားတဲ့ လူစုလူဝေး မလုပ်ရ အမိန့်ကို မလိုက်နာဘဲ ဘာသာရေးယုံကြည်ချက်နဲ့ ကပ်ရောဂါကို ရောထွေးဟောပြောခဲ့တဲ့ ဒေးဗစ်လားအပြင် တရားပွဲစီစဉ်သူ ဝေထွန်း (နဝရတ်) အပါအဝင် သုံးဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ နဲ့ မရမ်းကုန်းမြို့နယ်၊ အင်းစိန်မြို့နယ်တို့မှာ တရားစွဲထားတာ ဖြစ်ပါတယ်။ 

ကနေဒါနိုင်ငံသား ခံယူထားတဲ့ ဒေးဗစ်လားရဲ့ တရားပွဲကနေ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုတွေ များပြားခဲ့ခြင်းအပေါ် အများပြည်သူကလည်း ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ဟာ ပြစ်မှုထင်ရှားရင် ၃ နှစ်ထက် မပိုတဲ့ ထောင်ဒဏ်နဲ့ ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)