ဘာသာရေးပဋိပက္ခ အသွင်ယူဖန်တီးနေမှု ပပျောက်စေဖို့ ရွှေဝါရောင်သံဃာများ သဘောထားထုတ်ပြန်

0
256

သံဃာအချို့နဲ့ လူတစ်စုက ဘာသာရေးပဋိပက္ခအသွင်ယူဖန်းတီးနေမှုတွေကို ပပျောက်စေဖို့အတွက် ရွှေဝါရောင်သံဃာများအထူးအစည်းဝေးကနေ သဘောထားထုတ်ပြန်ခဲ့ပါတယ်။

အစွန်းရောက် အမျိုးသားရေးဝါဒီတွေရဲ့ ဟောပြောချက်တွေ ရေးသားချက်တွေဟာ ပဋိပက္ခ အသွင် သဏ္ဍာန်ကို ဖန်းတီးသိမ်းသွင်းရာ ရောက်နေတဲ့အကြောင်းကို မြန်မာနိုင်ငံ ပြည်သူလူထုက သိရှိနားလည်ပြီး အဲ့ဒီအခြေအနေတွေကို ကန့်ကွက်ရှုတ်ချပေးဖို့ ဒီကနေ့ မေလ ၂၀ ရက်နေ့ ရွှေဝါရောင်ကျောင်းမှာပြုလုပ်တဲ့ ရွှေဝါရောင် သံဃာ အထူးအစည်းအဝေးကြီးမှာ သဘောထားထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဘာသာရေး ပဋိပက္ခအသွင် ဖန်တီးနေမှုတွေ ပပျောက်အောင် နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့ကြီး က အရေးယူ ဆောင်ရွက်ဖို့ကိုလည်းတိုက်တွန်းထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)