အခွန်ဆက်ကြေး မပေးလို့ ခရီးသည်တင်ယာဉ်ကို KIA မီးရှို့

0
295

နှစ်စဉ် အခွန်ဆက်ကြေးကို မပေးလို့ ဆိုပြီး မူဆယ်-မန္တလေးသွား မြတ်မန္တလာထွန်း ခရီးသည်တင်ယာဉ်ကို KIA တပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးမှု မနေ့က မေလ ၁၉ ရက်နေ့ ညနေက ဖြစ်ပွားခဲ့ပါတယ်။

KIA တပ်ဖွဲ့ဝင် ၁၀ ဦးက မူဆယ်မြို့ ခိုမုန်း ကျေးရွာအနီးမှာ ယာဉ်ကို ဓာတ်ဆီလောင်းပြီး မီးရှို့ဖျက်ဆီးကာ ယာဉ်မောင်းကို အခွန်ဆက်ကြေး ကောက်ခံတဲ့ ခြိမ်းခြောက်စာ ပေးခဲ့ပါတယ်။

ခရီးသည်တွေ ထိခိုက်ဒဏ်ရာရမှု မရှိပေမယ့် ခရီးသည်တွေရဲ့ ခရီးဆောင်အိတ်နဲ့ အသုံးအဆောင်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ပါတယ်။

ခြိမ်းခြောက်စာမှာ KIO ကွတ်ခိုင်ခရိုင် အမှတ် (၉) တပ်ရင်းကို နှစ်စဉ်ထမ်းဆောင်နေတဲ့ အခွန်တွေ မထမ်းဆောင်ရင် မေလ ၁၈ ရက်နေ့ကစပြီး အရေးယူမယ်လို့ သတိပေးကြောင်း ရေးသားထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)