တရုတ် စစ်သင်္ဘောများ မြန်မာနဲ့ စစ်ရေး ပူးတွဲလေ့ကျင့်မယ်

0
307

 

ရန်ကုန်မြို့ သီလဝါ ဆိပ်ကမ်းမှာ ဆိုက်ကပ်နေတဲ့ တရုတ် စစ်သင်္ဘောများဟာ မြန်မာ့ ရေတပ်မတော်နဲ့ ဆက်ဆံရေးထူထောင်မှု၊ ရှာဖွေနဲ့ ကယ်ဆယ်ရေး အပြင် တခြား စစ်ရေးပူးတွဲ လေ့ကျင့်မှုတွေ ပြုလုပ်မယ်လို့ တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနက ဒီနေ့ မေလ ၂၀ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

တရုတ်စစ်သင်္ဘောအုပ်စုဟာ ရန်ကုန်မြို့၊ သီလဝါ ဆိပ်ကမ်းကို မေလ ၁၈ ရက်နေ့က ရောက်တာ ဖြစ်ပြီး ၄ ရက်ကြာ လည်ပတ်မှာ ဖြစ်ပါတယ်။

တရုတ်အနေနဲ့ မြန်မာနဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေး ပိုမိုအားကောင်းနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုလုပ်ဖို့ ဆန္ဒရှိတယ်လို့ တရုတ် ပြောရေးဆိုခွင့်ရှိသူ ဝူကင်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်ပြည်မှာ ကျင်းပတဲ့ ရပ်ဝန်းနှင့် ပိုးလမ်းမဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် (Belt and Road Forum for International Cooperation) ကို တက်ရောက်ဖို့ သွားရောက်ခဲ့စဉ် တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့လည်း ဆွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် တရုတ်စစ်သင်္ဘောများ ခရီးစဉ် ရောက်ရှိလာခြင်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)