အာမေးနီးယန်း ဘုန်းတော်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

0
237

မြန်မာ၊ စင်ကာပူနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ အာမေးနီးယန်း ခရစ်ယာန် ဘုန်းတော်ကြီး Very Rev. Fr. Zaven Sargis Yazichyan နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ မနေ့က မေလ ၁၉ ရက်နေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

နေပြည်တော်မှာ တွေ့ဆုံစဉ် အာမေးနီးယန်း ဘုန်းတော်ကြီးက အာမေးနီးယန်း အသိုက်အဝန်းနဲ့ အာမေးနီးယား ဘာသာစကား၊ ယဉ်ကျေးမှုနဲ့ အမွေအနှစ်တွေကို ကြည့်ရှုစောင့်ရှောက်ပေးဖို့ ဆွေးနွေးခဲ့ပါတယ်။

၁၆၁၂ ခုနှစ်မှာ ပထမဆုံး အာမေးနီးယန်း ကုန်သည်တွေ မြန်မာပြည်ကို ရောက်ရှိလာပြီး သန်လျင်မှာ အခြေချခဲ့ပါတယ်။ အာမေးနီးယန်းတွေကို မြန်မာဘုရင်တွေက ရာထူးရာခံပေးပြီး မင်းမှုထမ်းစေခဲ့ပါတယ်။ အာမေးနီးယန်း အမှုထမ်းတွေဟာ အခွန်ကောက်ခံခြင်းနဲ့ နိုင်ငံခြား ဆက်ဆံရေးကဏ္ဍတွေမှာ တာဝန်ယူရပါတယ်။

သာသနာ့မြေကို မြန်မာဘုရင်က ချီးမြှောက်တဲ့အတွက် စိန့်ဂျွန် အာမေးနီးယန်း ဘုရားကျောင်းကို ရန်ကုန်မြို့မှာ ၁၈၆၂ ခုနှစ်တုန်းက တည်ဆောက်ပါတယ်။

၁၉၀၁ မှာ စထရင်းဟိုတယ်ကို တည်ထောင်ခဲ့သူတွေဟာ အာမေးနီးယန်းတွေဖြစ်တဲ့ ဆာကီ ညီအစ်ကိုများ ဖြစ်ပါတယ်။ နာမည်ကျော် အာမေးနီးယန်း စာရေးဆရာမ၊ ပထမဆုံး အာမေးနီးယန်း အမျိုးသမီး သံတမန်တစ်ဦးဖြစ်တဲ့ ဒိုင်ယာနာ အပ္ပကာဟာ မြန်မာပြည်မှာ ၁၈၅၉ ခုနှစ်တုန်းက မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)