ဘာသာရေး တင်းမာမှုတွေ လျော့ကျရေး ဆောင်ရွက်ဖို့ ကုလ ကိုယ်စားလှယ် တိုက်တွန်း

0
257

ရန်ကုန်မြို့မှာ မကြာမီက ဖြစ်ပွားခဲ့တဲ့ ဘာသာရေး တင်းမာမှုတွေနဲ့ ပတ်သက်လို့ ဘာသာရေးအရ မုန်းတီးမှုတွေနဲ့ ပဋိပက္ခတွေ လျော့ကျရေး မြန်မာအစိုးရအနေနဲ့ ပိုမိုလုပ်ဆောင်ဖို့ လိုတယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီက မြန်မာနိုင်ငံမှာ အမုန်းစကား ဖြန့်ချိမှုနဲ့ ပဋိပက္ခတွေ ပိုများလာတာ မြင်နေရကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရအနေနဲ့ လုံလောက်တဲ့ အာရုံစိုက်မှု မရှိဘူးလို့ ဂါးဒီးယန်း သတင်းစာကို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

အမုန်းစကား ဖြန့်ချိမှု၊ ခွဲခြားဆက်ဆံမှု၊ မုန်းတီးမှုနဲ့ ပဋိပက္ခ၊ ဘာသာရေးဆိုင်ရာ အကဲဆတ်မှုတွေနဲ့ ပတ်သက်ပြီး အရင်ကလည်း စိုးရိမ်မှု ရှိခဲ့ပါတယ်၊ အခုတော့ အရှိန်နဲ့ တိုးမြင့်နေတယ်လို့ မစ္စ ယန်ဟီးလီက ပြောပါတယ်။

စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ လူ့အခွင့်အရေး ကောင်စီမှာ မစ္စယန်ဟီးလီက တောင်းဆိုထားပေမယ့် ထောက်ခံမှု နည်းနေခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)