ရေနံပိုက်လိုင်းကနေ မြန်မာပြည်က ပို့လွှတ်တဲ့ ရေနံစိမ်း တရုတ် ပထမဆုံး ရရှိ

0
338

တရုတ်-မြန်မာ သွယ်တန်းထားတဲ့ ရေနံစိမ်း ပိုက်လိုင်းကနေ တဆင့် ပို့လွှတ်လိုက်တဲ့ ရေနံစိမ်း တရုတ်နိုင်ငံဆီ ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိလာတယ်လို့ တရုတ်အမျိုးသား ရေနံ ကော်ပိုရေးရှင်း (CNPC) က မနေ့က မေလ ၁၉ ရက်မှာ ကြေညာပါတယ်။

ပိုက်လိုင်းကနေ ပို့လွှတ်လိုက်တဲ့ ရေနံစိမ်းဟာ ယူနန်ခရိုင်၊ ရွှေလီကို ညနေ ၄ နာရီမှာ ရောက်ရှိလာတယ်လို့ CNPC ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရေနံစိမ်းတွေကို CNCP ရဲ့ ယူနန်လုပ်ငန်းခွဲတည်ရှိရာ အန်နင်မြို့ကို ဆက်လွှတ် ပို့လွှတ်မှာ ဖြစ်ပါတယ်။ ယူနန်ရုံးခွဲဟာ တစ်နှစ်ကို ရေနံစိမ် တန် ၁၃ သန်း သိုလှောင်နိုင်အောင် ဒီဇိုင်းချ ဆောက်လုပ်ထားပါ ဖြစ်ပါတယ်။

အခု ရေနံစိမ်း ပို့လွှတ်တဲ့ ပိုက်လိုင်းဟာ တရုတ်-မြန်မာ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ၁၄၂၀ ကီလိုမီတာ ရှည်ကာ နယ်စပ်ကို ဖြတ်ကျော် သွယ်တန်းထားပါတယ်။

ဒီပိုက်လိုင်း စီမံကိန်းကြီးဟာ မြန်မာပြည်ကို ကန့်လန့်ဖြတ် ဖောက်လုပ်သွယ်တန်းထားတဲ့ ပိုက်လိုင်းဖြစ်ပြီး ပိုက်လိုင်းရဲ့ လုံခြုံမှု၊ ဒေသခံတွေကို ပေးရမယ့် လျော်ကြေး စတဲ့ ကိစ္စတွေကြောင့် ပိုက်လိုင်းတလျှောက်ရှိ ဒေသခံတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေရဲ့ ဆန့်ကျင် ကန့်ကွက် ဆန္ဒပြမှုကို တောက်လျှောက်ခံခဲ့ရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)