တင်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို ဖျက်ဆီးခဲ့သူ ရှစ်ဦးကို တရားစွဲဆို

0
384

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် တင်းချောင်းကျေးရွာက အုပ်ချုပ်ရေးမှူးရုံးကို ဖျက်ဆီးခဲ့သူ (၈) ဦးကို ပုဒ်မ (၃)ခုနဲ့ အမှုဖွင့် တရားစွဲဆို သွားမှာဖြစ်ပါတယ်။

ဖြစ်စဉ်မှာ ဧပြီလ ၁၃ ရက်နေ့က တင်းချောင်းကျေးရွာအုပ်စု အမျိုးသမီးရေးရာဌာနက စတုဒီသာ ကျွေးဖို့ စီစဉ်နေတဲ့အချိန်မှာ ရွာက လူငယ်တစ်စုက မူးပြီး ဆဲဆိုသွားတာဖြစ်ပါတယ်။ နောက်ထပ်လည်း ထပ်မံ လာဆဲပြန်တဲ့အတွက် အုပ်ချုပ်ရေးမှူးကို ဖုန်းဆက်တိုင်ကြားခဲ့တာဖြစ်ပါတယ်။

အဲဒီလို တိုင်ကြားခဲ့တဲ့အတွက် ဧပြီလ ၁၄ ရက်နေ့မှာ ဆဲဆိုသွားတဲ့ လူငယ်တစ်စုက အုပ်ချုပ်ရေးမှူးရုံးကို သွားရောက်ဖြေရှင်းရာကနေ ရုံးစောင့်ဝန်ထမ်းနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ပြီး ရုံးစောင့်ဝန်ထမ်းကိုလည်း လက်သီးနဲ့ ၀ိုင်းဝန်းထိုးကြိတ်၊ ရုံးကိုလည်း ဖျက်ဆီးခဲ့ကြတာ ဖြစ်ပါတယ်။

ရုံးစောင့်ဝန်ထမ်းကို ထိုးကြိတ်ပြီး ရုံးကိုပါ ဖျက်ဆီးခဲ့တဲ့ မြတ်ကို(ခ) ကြွက်နီ ပါ ရှစ်ဦးကို ပုဒ်မ (၃)ခုနဲ့ အမှုဖွင့် အရေးယူထားပြီဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)