လက်နက်ကိုင်ခုနစ်ဖွဲ့ ကအစိုးရကို ၀ ဦးဆောင်တဲ့ကော်မတီနဲ့ဆွေးနွေးဖို့ဆုံးဖြတ်

0
282

လက်နက်ကိုင်အဖွဲ့၇ဖွဲ့က အစိုးရနဲ့ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခကို ဆွေးနွေးတဲ့နေရာမှာ တစ်ဖွဲ့ချင်းစီမဆွေးနွေးဘဲ ၀ လက်နက်ကိုင်အဖွဲ့ UWSA ဦးဆောင်သည့် ကော်မတီဖြင့်သာ ဆွေးနွေးဖို့ ဧပရယ်လ ၁၉ ရက်နေ့ကကြေညာလိုက်ပါတယ်။

ဧပရယ်လ ၁၅ရက်ကနေ၁၉ရက်နေ့ အထိ့ကျင်းပပြုလုပ်ခဲ့တဲ့ UWSAဌာနချုပ်ပန်ခမ်း(ပန်ဆန်း) အစည်းအဝေးအပြီးမှာ အခုလိုကြေညာလိုက်တာဖြစ်ပါတယ်။

အဲ့ဒီအစည်းအဝေးကို UWSA ကဦးဆောင်ပြီး ကချင်လက်နက်ကိုင်အဖွဲ့ KIA၊ မိုင်းလားလက်နက်ကိုင်အဖွဲ့ NDAA၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA၊ ရှမ်းလက်နက်ကိုင်အဖွဲ့ SSPP၊ တအောင်းလက်နက်ကိုင်အဖွဲ့ TNLA၊ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့ တက်ရောက်ပြီး အခုလို  ဆုံးဖြတ်ခြင်းဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)