ရန်ကုန်မြိုတွင်နိုင်ငံခြားသားများပါဝင်သောမှုးယစ်ဂိုဏ်းက ကျပ်ငွေ ၃၂ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

0
296

ဧပြီလ၁၈ရက်နေ့ကရန်ကုန်မြို့ကမှုးယစ်ဂိုဏ်းတစ်ခုကိုသတင်းအရမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ရှာဖွေဖမ်းဆီးခရာ နေအိမ်လေးလုံးကနေ ကာလတန်ဖိုး ကျပ်ငွေ ၃၂ ဘီလီယံတန်ဖိုးရှိတဲ့ မှုးယစ်ဆေးတွေအပြင် လက်နက်ခဲယမ်းတွေကို ပါဖမ်းဆီးရရှိခဲ့ပါတယ်။

မှုးယစ်ရဲတပ်ဖွဲကသာကေတရပ်ကွက်မှာရှိတဲ့မှုးယစ်တရားခံပြေးနေထိုင်တဲ့နေအိမ်ကိုစတင်ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီးအဲ့ဒီကနေမှဆပ်စက်သတင်းတွေအရဆက်လက်ရှာဖွေဖမ်းဆီးခဲ့ရာမှရန်ကုန်မြို့အနှံနေရာသုံးခုမှာမှုးယစ်ဆေးအပါအ၀င်လက်နက်ခဲယမ်းတွေအပါအ၀င်တရားခံတွေကိုပါထပ်မံဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအမှုမှာ နိုင်ငံခြားသားတွေပါပါဝင်ပါတ်သက်နေတာဖြစ်ပြီး နေအိမ်(၄)နေရာကနေ စုစုပေါင်း ဘိန်းဖြူ ၃ ဒ ၉၆၅ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၂,၁၆၆,၀၁၂ ပြား၊ အိုက်စ် ၂၉၉ ဒ ၆ ကီလို စုစုပေါင်း ကျပ်သန်း ၃၁၉၄၅.၅(ကျပ်၃၁ဒသမ၉၄၅၅)တန်ဖိုးရှိတဲ့မူးယစ်ဆေးဝါးတွေကိုဖမ်းဆီးနိုင်ခဲ့တာပါ။

ဒါအပြင်လက်နက်တွေဖြစ်တဲ့ ပစ္စတိုသေနတ်နှစ်လက်၊ ကျည်အိမ် ၃ ခု၊ ကျည် ၁၅ တောင့်အပါအ၀င် မော်တော်ယာဉ် ၅ စီးကိုသိမ်းဆည်းနိုင်ခဲ့ပါတယ်။

ဖမ်းဆီးရမိတဲ့ တရားခံ တွေကတော့ စန်ချင်း(ခ) ရန်ရှင်း(ခ) ဝမ်စန်ချင်း၊ အောင်ရဲသွင်၊ ဇံမြတ်ထွန်း၊ မျိုးလွင်၊ မိုးကျော်၊ စိုးနိုင်၊ မင်းမင်း(ခ)ဆံရှည်နှင့် ထွန်းလင်းအောင် (တိမ်းရှောင်)တို့ ၈ ဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအရေးယူထားကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့ကထုပ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)