ပြည်တွင်းငြိမ်း ချမ်းရေး လုပ်ဆောင်မယ်ဆိုရင် တရားဥပဒေစိုးမိုးရေးကို အရင်ဆုံး လုပ်ဆောင်မှဖြစ်မယ်လို့ မကြာခင်က လွတ်မြောက်လာတဲ့ ယူနတီဂျာနယ် အမှုဆောင် အရာရှိချုပ်ဦးတင်ဆန်းသုံးသပ်ပြောကြား

0
386

ဦးသိန်းစိန်လက်ထက်က နိုင်ငံတော်လှိုဝှက်ပေါက်ကြားမှု ပုဒ်မ ၃/၁ က(၉)နဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံလိုက်ရတဲ့ ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ် ဦင်္းတင့်ဆန်းဟာ ထောင်တွင်းမှာ ၂ နှစ် ကျော်ကြာနေထိုင်ခဲ့ရပြီး ယခု အရပ်သားအစိုးရပြောင်းလဲလာတဲ့ ရက်ပိုင်းအတွင်းမှာပဲ နိုင်ငံတော်အတိုင်ပင်ခံပုဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမိန့်နဲ့ ထုတ်ပြန်လိုက်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တဲ့အခါမှာ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာတဲ့ အထဲမှာပါဝင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။
ဦးတင်ဆန်းဟာ ၈၈ အရေးအခင်းစတင်ကတည်းက ပါဝင်လာခဲ့သူတစ်ဦးဖြစ်ပြီး နှစ်ရှည်ထောင်ဒဏ်ချခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ယောက်လည်းဖြစ်ခဲ့တာပါ။ ယခင်စစ်အစိုးရလက်ထက်က ဖြတ်သန်းခဲ့ရတဲ့ ထောင်တွင်း နေထိုင်မှုများနဲ့ ဦးသိန်းစိန် လက်ထက်ဒုတိယအကြိမ် အကျဉ်းထောင်အတွင်း နေထိုင်ခဲ့ရတဲ့ အခြေအနေများဟာ ဘာမှကွာခြားမှုမရှိတဲ့ အပြင် ထောင်အာဏာပိုင်များအနေနဲ့လည်း လူအခွင့်အရေးချိုးဖောက်မှုတွေရှိနေဆဲပဲလို့ သူက ပြောကြားပါတယ်။
အစိုးရသစ်အနေနဲ့ နိုင်ငံတော်မှာငြိမ်းချမ်းရေးကို အဓိကလုပ်ဆောင်မယ်ဆိုတဲ့ လုပ်ငန်းစဉ်တွေအပေါ်မှာ တရားရေးဌာနတွေနဲ့ ရဲစခန်းတွေမှာဖြစ်နေတဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို အဓိကကြပ်မတ်ဆောင်ရွက်ဖို့က အရေးအကြီးဆုံးဖြစ်ပြီး အဲဒီအုပ်ချုပ်ရေးဌာနတွေကို တိတိကျကျ မကိုင်တွယ်နိုင်ရင် ပြည်တွင်းငြိမ်းချမ်းရေးဟာ မရနိုင်ဘူးလို့ ဦးတင်ဆန်းက သုံးသပ်ပြောကြားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)