နေပြည်တော်မှာ COVID-19 ကြိုတင် ကာကွယ်ရေး အမိန့်ကြေညာစာ ထုတ်ပြန်

0
459

ပြည်ထောင်စုနယ်မြေ နေပြည်တော်မှာ COVID-19 ဗိုင်းရပ်စ် ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် နေပြည်တော်ကောင်စီက အမိန့်ကြေညာစာကို မတ်လ ၁၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

နေပြည်တော်မှာ လူစုလူဝေးနဲ့ ပြုလုပ်ရမယ့် တွေ့ဆုံပွဲတွေ၊ အခမ်းအနားတွေ၊ ဟောပြောပွဲတွေ၊ အစည်းအဝေးတွေနဲ့ သင်တန်းတွေကို ဧပြီလ ၃၀ ရက်နေ့အထိ ကျင်းပခြင်း မပြုဖို့၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းတွေမှာ အလုပ်ရုံဆွေးနွေးပွဲတွေ၊ တွေ့ဆုံပွဲတွေ၊ အခမ်းအနားတွေ၊ ဘာသာရေး/လူမှုရေး ပွဲတွေ ရွှေ့ဆိုင်းဖို့၊ ရုပ်ရှင်ရုွံတွေ ပိတ်ထားဖို့၊ အရောင်းမြှင့်တင်ရေးတွေ မလုပ်ဖို့၊ သြင်္ကန်မဏ္ဍပ် ဆောက်ခြင်း အပါအဝင် ပွဲလမ်းသဘင်တွေ မလုပ်ဖို့နဲ့ မဖြစ်မနေ လုပ်ဖို့ လိုအပ်လာရင် လူဦးရေ အနည်းဆုံးနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်အတိုင်း တိကျစွာ လိုက်နာ ဆောင်ရွက်ဖို့တွေ ထုတ်ပြန်ထားတာပါ။


နပှညေတြောမြှာ COVID-19 ကှိုတငြ ကာကှယရြေး အမိန့ကြှညောစာ ထုတပြှနြ

ပြည်ထောင်စုနယ်မြေ နေပြည်တော်မှာ COVID-19 ဗိုင်းရပ်စ် ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် နေပြည်တော်ကောင်စီက အမိန့်ကြေညာစာကို မတ်လ ၁၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

နေပြည်တော်မှာ လူစုလူဝေးနဲ့ ပြုလုပ်ရမယ့် တွေ့ဆုံပွဲတွေ၊ အခမ်းအနားတွေ၊ ဟောပြောပွဲတွေ၊ အစည်းအဝေးတွေနဲ့ သင်တန်းတွေကို ဧပြီလ ၃၀ ရက်နေ့အထိ ကျင်းပခြင်း မပြုဖို့၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းတွေမှာ အလုပ်ရုံဆွေးနွေးပွဲတွေ၊ တွေ့ဆုံပွဲတွေ၊ အခမ်းအနားတွေ၊ ဘာသာရေး/လူမှုရေး ပွဲတွေ ရွှေ့ဆိုင်းဖို့၊ ရုပ်ရှင်ရုွံတွေ ပိတ်ထားဖို့၊ အရောင်းမြှင့်တင်ရေးတွေ မလုပ်ဖို့၊ သင်္ကြန်မဏ္ဍပ် ဆောက်ခြင်း အပါအဝင် ပွဲလမ်းသဘင်တွေ မလုပ်ဖို့နဲ့ မဖြစ်မနေ လုပ်ဖို့ လိုအပ်လာရင် လူဦးရေ အနည်းဆုံးနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်အတိုင်း တိကျစွာ လိုက်နာ ဆောင်ရွက်ဖို့တွေ ထုတ်ပြန်ထားတာပါ။

ဒါ့အပြင် လိုက်နာဆောင်ရွက်ဖို့ အနေနဲ့ အများပြည်သူ စိုးရိမ် ထိတ်လန့်စေမယ့် မမှန်သတင်း၊ ကောလာဟလတွေ ဖန်တီး ဖြန့်ဝေခြင်း မပြုဖို့၊ မိမိပတ်ဝန်းကျင်မှာ သံသယလူနာ တွေ့ရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူတွေကနေ တစ်ဆင့် ကျန်းမာရေးဌာနတွေကို အမြန်ဆုံး သတင်းပို့ အသိပေးဖို့တွေလည်း ပါဝင်ပါတယ်။


(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)