နယ်စပ်စစ်ဆေးရေးဂိတ်တွေမှာ ပြည်ဝင်ခွင့်ဗီဇာနဲ့ ဝင်ရောက်ခွင့် ယာယီပိတ်

0
185

မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း နိုင်ငံတွေအကြား ဖွင့်လှစ်ထားတဲ့ နယ်စပ်စစ်ဆေးရေး ဂိတ်တွေကတစ်ဆင့် ဘယ်နိုင်ငံခြားသားကိုမဆို ပြည်ဝင်ခွင့်ဗီဇာနဲ့ မြန်မာနိုင်ငံအတွင်း ဝင်ရောက်ခွင့်ကို မတ်လ ၁၉ ရက်နေ့ကစပြီး ယာယီ ပိတ်ပင်တားမြစ်လိုက်ပါတယ်။

COVID-19 ဗိုင်းရပ်စ်ရောဂါ ပြည်ပကနေ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အခုလို ယာယီ ပိတ်ပင်တားမြစ်လိုက်တာ ဖြစ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်တာပါ။ ဒါပေမယ့် ပြည်ဝင်ခွင့်ဗီဇာ ရရှိထားတဲ့ နိုင်ငံခြားသားတွေကတော့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့ကနေ တည်ဆဲ စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ ဆက်လက် ဝင်ရောက်ခွင့်၊ ထွက်ခွာခွင့် ပြုမှာ ဖြစ်ပါတယ်။ 


နယစြပစြဈဆေးရေးဂိတတြှမှော ပှညဝြငခြှင့ဗြီဇာနဲ့ ဝငရြောကခြှင့ြ ယာယီပိတြ

မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း နိုင်ငံတွေအကြား ဖွင့်လှစ်ထားတဲ့ နယ်စပ်စစ်ဆေးရေး ဂိတ်တွေကတစ်ဆင့် ဘယ်နိုင်ငံခြားသားကိုမဆို ပြည်ဝင်ခွင့်ဗီဇာနဲ့ မြန်မာနိုင်ငံအတွင်း ဝင်ရောက်ခွင့်ကို မတ်လ ၁၉ ရက်နေ့ကစပြီး ယာယီ ပိတ်ပင်တားမြစ်လိုက်ပါတယ်။

COVID-19 ဗိုင်းရပ်စ်ရောဂါ ပြည်ပကနေ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အခုလို ယာယီ ပိတ်ပင်တားမြစ်လိုက်တာ ဖြစ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်တာပါ။ ဒါပေမယ့် ပြည်ဝင်ခွင့်ဗီဇာ ရရှိထားတဲ့ နိုင်ငံခြားသားတွေကတော့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့ကနေ တည်ဆဲ စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ ဆက်လက် ဝင်ရောက်ခွင့်၊ ထွက်ခွာခွင့် ပြုမှာ ဖြစ်ပါတယ်။

နှစ်ဖက် ဒေသခံပြည်သူတွေ နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ် (Border Pass) နဲ့ ဝင်ရောက်ခွင့် ပြုထားမှာ ဖြစ်ပြီး ဝင်ရောက်မယ့်သူတွေကို ကိုယ်အပူချိန်တိုင်းတာမှုနဲ့ ကျန်းမာရေး စစ်ဆေးမှုတွေကို တင်းကျပ်စွာ ဆောင်ရွက်မှာ ဖြစ်တယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)