မီးခိုးတိမ်တိုက်တွေ ဖုံးလွှမ်းနေတဲ့ မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံ

0
389

ရာသီအလိုက် တောင်ယာ မီးရှို့မှုနဲ့ တောမီးလောင်မှုက ထွက်ပေါ်လာတဲ့ မီးခိုးတွေက ဖြစ်ပေါ်လာတဲ့ မီးခိုးမြူနဲ့ မီးခိုးတိမ်တိုက်တွေ မြန်မာနဲ့ ထိုင်းနှစ်နိုင်ငံအပေါ် အဆိုးရွားဆုံး ဖုံးလွှမ်းနေပါတယ်။

မတ်လ ၁၈ ရက်နေ့က ဒီလိုဖုံးလွှမ်းနေတာကို သဘာဝအရောင်အတိုင်း NASA (Aqua) ဂြိုဟ်တုရဲ့ အလယ်အလတ် Resolution (Resolution Imaging Spectroradiometer – MODIS) က ရိုက်ကူးနိုင်ခဲ့တာပါ။

NASA က ထုတ်ပြန်ထားတဲ့ ဂြိုလ်တုဓာတ်ပုံမှာ တွေ့ရတဲ့ အခြေအနေအရ ထိုင်းနိုင်ငံ မြောက်ပိုင်းက ချင်းမိုင်အပါအဝင် ခရိုင် ၉ ခုနဲ့ မြန်မာနိုင်ငံ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မြောက်ပိုင်းနဲ့ တောင်ပိုင်း ဒေသအချို့ပါဝင်နေတာဖြစ်ပါတယ်။

နှစ်စဉ် ရာသီအလိုက် ဖြစ်ပေါ်လာတဲ့ မီးခိုးမြူနဲ့ မီးခိုးတိမ်တိုက်တွေဟာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ လေထုညစ်ညမ်းမှုကိုဖြစ်ပေါ်စေတာကြောင့် အဲ့ဒီဒေသခံတွေမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဆိုးကျိုးတွေကို နှစ်စဉ်ခံစားနေကြရတာပါ။

အခုလို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာထားတဲ့ Coronavirus COVID-19 ရောဂါ နိုင်ငံပေါင်း ၁၆၁ နိုင်ငံမှာ ကူးဆက်ပြန့်နှံ့နေချိန်မျိုးမှာတော့ ဂြိုလ်တုဓာတ်ပုံမှာ ပါဝင်တဲ့ မြန်မာနိုင်ငံထဲက ဒေသခံတွေရဲ့ ကျန်းမာအတွက် ပိုမိုစိုးရိမ်ရတဲ့ အခြေအနေမျိုးလည်း ရှိနေပါတယ်။

ကမ္ဘာ့နိုင်ငံ အသီးသီးမှာတော့ ဒီရောဂါကူးဆက်ခံရသူ ၂ သိန်း ၄ သောင်းကျော် ရှိနေပြီဖြစ်ကာ သေဆုံးသူ ၁ သောင်းနီးပါး ရှိလာနေတာပါ။ ထိုင်းနိုင်ငံမှာတော့ ရောဂါကူးဆက်ခံရသူ ၂၇၀ ရှိပြီး ၁ ဦးသေဆုံးထားတဲ့ အခြေအနေမျိုးပါ။

တရုတ်နိုင်ငံမှာ စတင်ပွားခဲ့ပြီး ကမ္ဘာတဝှမ်းကို ပြန့်နှံ့နေတဲ့ ဒီရောဂါပိုး ကူးစပ်ခံရသူ မြန်မာနိုင်ငံမှာ မတွေ့ရသေးပဲ သံသယနဲ့ စောင့်ကြည့်နေရတဲ့ လူနာတွေသာ ရှိတယ်လို့ အစိုးရက တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။

ဒီလို သံသယနဲ့ စောင့်ကြည့်နေရတဲ့ လူနာတွေထဲက အခုအချိန်အထိ သေဆုံးသူ ၇ ဦး ရှိနေပြီး သူတို့ရဲ့ ဓတ်ခွဲစမ်းသပ်မှုတွေမှာလည်း ရောဂါပိုး ကူစပ်ခံရမှု မရှိဘူးလို့ အစိုးရက ဆိုတာပါ။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ တရားဝင် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ COVID-19 သံသယ စောင့်ကြည့်လူနာ ၁၅၇ ယောက်ရှိခဲ့ပြီး အဲဒီထဲက ၁၅၁ ဦးမှာ ရောဂါပိုး မရှိကြောင်း အတည်ပြုထားပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)