စစ်တကောင်းမှာ မြန်မာ ခြောက်ဦးကို ယာဘ မူးယစ်ဆေးပြား ၆ သိန်းကျော်နဲ့ ဖမ်းမိ

0
578

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့မှာ မြန်မာ ခြောက်ဦးအပါအဝင် လူရှစ်ဦးကို ယာဘ မူးယစ်ဆေးပြား ခြောက်သိန်းကျာ်နဲ့ ဖမ်းမိတယ်လို့ ဘင်္ဂလားဒေ့ရှ် လျှပ်တပြက် တုံ့ပြန် စစ်ဆင်ရေး (RAB) က ပြောဆိုပါတယ်။

မနေ့က မတ်လ ၁၉ ရက်နေ့မှာ သတင်းအရ စစ်တကောင်းမြို့၊ ပါတင်ဂါ ဧရိယမှာ သွားရောက်ဖမ်းဆီးတာလို့ RAB အမှတ် (၇) လက်ထောက် ညွှန်ကြားရေးမှူး မင်တနူယာ ရာမန်က ပြောပါတယ်။

ယာဘ ဆေးပြားတွေဟာ ရခိုင်ပြည်နယ်စပ်ကနေ ကောက်ဘဇားခရိုင်အတွင်းရှိ လမ်းကြောင်း ၄၅ ခုကနေ ခိုးသွင်းနေကြတာ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေးက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)