ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာတွေ မြန်မာနဲ့ ဆွေးနွေးမယ်လို့ ဖိလစ်ပိုင် သမ္မတ ပြော

0
281

နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ကိစ္စတွေဟာ မြန်မာနဲ့ အဓိက ဆွေးနွေးမယ့် ကိစ္စတွေ ဖြစ်တယ်လို့ ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးက မြန်မာနိုင်ငံကို မထွက်ခွာမီ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

သမ္မတ ဒူတာတေးဟာ မတ်လ ၁၉ ရက်နေ့က စပြီး မြန်မာနိုင်ငံကို ၂ ရက်ကြာ အလည်အပတ် ရောက်ရှိနေတာ ဖြစ်ပြီး နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးထင်ကျော်တို့နဲ့ တွေ့ဖို့ စီစဉ်ထားပါတယ်။

အစားအသောက် လုံခြုံစိတ်ချရရေး အပါအဝင် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးဖို့ ပူးပေါင်း ဆောင်ရွက်ရေးတွေ အတွက် နားလည်မှု သဝဏ်လွှာတွေ လက်မှတ်ရေးထိုးမယ်လို့လည်း မြန်မာနိုင်ငံရာ ဖိလစ်ပိုင် သံအမတ်ကြီး အဲလက်စ ချွားက ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံ သံတမန် ဆက်ဆံရေးကို ၁၉၅၆ မှာ ထူထောင်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတဲ့ ၄၉ နိုင်ငံအနက် ဖိလစ်ပိုင်က ၁၆ နိုင်ငံမြောက် အများဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်ပြီး မြန်မာနိုင်ငံမှာ ဖိလစ်ပိုင် အလုပ်သမား ၁၈၀၀ အလုပ်လုပ်ကိုင်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)