တရားမဝင် လျှပ်စစ်မီး သုံးစွဲမှုများအနက် တိုက်ရိုက်ခိုးယူ သုံးစွဲမှု အများဆုံး ဖြစ်

0
332

တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲမှု အမျိုးမျိုးအနက် တိုက်ရိုက်ခိုးယူ သုံးစွဲမှု အများဆုံး ဖြစ်နေပါတယ်။

တခြား ခိုးယူ သုံးစွဲမှုတွေကတော့ ဝန်ပို၊ ဆင့်ပွား၊ ရှန့်လင့်ခွာ၊ မီတာခွထောက်၊ ကာဗာဆီးလ်-ဖတ်၊ အိမ်သုံးမီတာကို စီးပွားရေးလုပ်ငန်းသုံးခြင်းတို့ ဖြစ်ပါတယ်။

တိုင်းနဲ့ ပြည်နယ် အသီးသီးရှိ လူ ၃ သောင်းကို စစ်ဆေးရာမှာ ဆုံးရှုံးမှု ယူနစ်ပေါင်း ၁ သိန်းကျော် တွေ့ခဲ့ရတယ်လို့ ကြေးမုံ သတင်းစာမှာ ဖော်ပြထားပါတယ်။

တရားမဝင် ဓာတ်အား သုံးစွဲမှု ၂၁ မှုအနက် နေပြည်တော် ကောင်စီနယ်မြေက သုံးစွဲမှု အများဆုံးဖြစ်ပြီး လျော်ကြေး သိန်း ၁၁၀ ကျော် ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း လျှပ်စစ်ဓာတ်အား တရားမဝင် သုံးစွဲမှု ၄၆ မှုမှာ လျော်ကြေးငွေ ကျပ် သိန်းပါင်း ၆၄၀ ကျော် ရရှိတယ်လို့ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)