မြန်မာ ဒုက္ခသည် အမျိုးသမီး တစ်ဦး မလေးရှားမှာ အသတ်ခံရ

0
329

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ ဂျလန် ဂျန်တင်း ကလန်အနီးရှိ အခန်းတခုရဲ့ အိပ်ယာပေါ်မှာ ကုလသမဂ္ဂ ဒုက္ခသည် လက်မှတ် ကိုင်ဆောင်ထားတဲ့ မြန်မာ အမျိုးသမီးတစ်ဦး ဓားနဲ့ အချက်ပေါင်းများစွာ ထိုးပြီး အသတ်ခံခဲ့ရပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိ အဲဒီ အမျိုးသမီးကို မနေ့က မတ်လ ၁၉ ရက်နေ့မှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရကြောင်းနဲ့ အဆိုပါ အမျိုးသမီးဟာ လွန်ခဲ့တဲ့ ၂ လကတည်းက သူ့ရဲ့ ရည်းစားဖြစ်သူ အသက် ၂၇ နှစ်အရွယ် အမျိုးသား အတူနေနေတာဖြစ်ကြောင်း ရဲဌာနက ဆိုပါတယ်။

အဆိုပါ အမျိုးသားဟာ စားသောက်ဆိုင် တစ်ခုမှာ ဧည့်ကြိုလုပ်ပါတယ်။ အသတ်မခံရခင် အစောပိုင်းမှာ သူမကို သူ့ရည်းစားနဲ့ အတူတွေ့ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ဆိုပါတယ်။

အသတ်ခံရသူ အမျိုးသမီးဟာ ဗိုက်ကို ဓားနဲ့ အနည်းဆုံး ၅ ချက်မက အထိုးခံထားရပြီး ညာဘက်လက်ကိုလည်း လိမ်ချိုးခံထားရတယ်လို့ မူခင်းဆရာဝန်တွေရဲ့ ကနဦးစစ်ဆေးချက်မှာ ဖော်ပြထားပါတယ်။

အခန်းထဲကို ချိုးဖျက် ဝင်ရောက်ထားခြင်းမရှိဘဲ သူမရဲ့ လက်ကိုင်ဖုန်းကလွဲလို့ တခြား ပျောက်ဆုံးတာလည်း မရှိပါဘူး။ အသတ်ခံရသူရဲ့ ရည်းစား အမျိုးသားကို ရဲက ခေါ်ယူစစ်ဆေးနေပြီး သံသယရှိသူ အသက် ၂၅ နှစ်အရွယ် ဗီယက်နမ် အမျိုးသားနဲ့ အသက် ၂၈ နှစ်အရွယ် အင်ဒိုနီးရှား အမျိုးသား နှစ်ယောက်ကိုလည်း ဖမ်းဆီး စစ်ဆေးနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)