သက်ငယ် မုဒိမ်းမှုများမှာ အုပ်ထိန်းသူများရဲ့ အားနည်းချက်ကြောင့်လည်း ဖြစ်တယ်လို့ ခရိုင်တရားသူကြီး ပြော

0
313

မန္တလေး တိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် တရားရုံးမှာ အမူ ၃၉၈ မှုအနက် သက်ငယ်မုဒိမ်းမှု ၁၀ မှု ရှိနေကြောင်းနဲ့ အုပ်ထိန်းသူ မိဘများက မိမိတို့ သားသမီးများအပေါ် ကြည့်ရှုစောင့်ရှောက်မှု အားနည်းလို့ အများဆုံး ဖြစ်ပေါ်နေတာလို့ ပြင်ဦးလွင်ခရိုင် တရားသူကြီး ဦးကံမြင့်က သုံးသပ် ပြောကြား လိုက်ပါတယ်။

မိဘတွေ အနေနဲ့ မိမိတို့ သားသမီးတွေကို အရင်ကထက် ပိုဂရုစိုက်ဖို့ လိုနေပြီး လက်လုပ်လက်စားများ အနေနဲ့လည်း အချိန်ပြည့် မစောင့်ရှောက် နိုင်သည့်တိုင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ အိမ်နီးနားချင်းများရဲ့ အကူအညီကို ယူပြီး စုပေါင်း ကြည့်ရှုစောင့်ရှောက်တဲ့ နည်းလမ်းတွေကို သုံးသင့်တယ်လို့ တရားသူကြီး ဦးကံမြင့်က MCN သတင်းဌာနကို ပြောကြားပါတယ်။

လူကြီးလူငယ်မရွေး လူမှုကွန်ရက် ဖေ့စ်ဘုတ်ကို အသုံးပြုနေပြီး ညစ်ညမ်းကားတွေကို အလွယ်တကူ ကြည့်ရှုနေနိုင်တာဟာလည်း အကြောင်းရင်းတစ်ခု ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

လောလောတယ် ဥပဒေအရ သက်ငယ်မုဒိမ်းမှုကို အမြင့်ဆုံး ထောင်ဒဏ် အနှစ် ၂၀ အထိ ချမှတ်ခွင့် ပြုထားပါတယ်။ (တင်ပြီး)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)