၂၀၁၂ မှ ၂၀၁၆ အတွင်း အမြန်လမ်းမှာ ယာဉ်မတော်ဆ မှုကြောင့် သေဆုံးသူ ၆၀၀ ကျော်ရှိ

0
340

သေမင်းတမန် လမ်းမကြီးလို့ နာမည်ကြီးတဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ ငါးနှစ်တာ ကာလအတွင်း ယာဉ် မတော်တဆမှုကြောင့် သေဆုံးသူ ၆၂၁ ဦး ရှိခဲ့ပါတယ်။ ဒဏ်ရာရသူကတော့ ၃၉၁၁ ဦးပါ။

ယာဉ်မတော်တဆမှု စုစုပေါင်း ၁၉၇၁ မှုမှာ သေဆုံးသူ ကျား ၄၂၈ ဦး၊ မ ၁၉၃ ဦး ဖြစ်ပါတယ်။ ဒဏ်ရာရသူတွေကတော့ ကျား ၂၃၅၂ ဦးနဲ့ မ ၁၅၅၉ ဦး ဖြစ်ပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ် အားလုံးမှာဆိုရင်တော့ ယာဉ်မတော်တဆမှု စုစုပေါင်း ၇၄၂၈၈ မှု ရှိပြီး သေဆုံးသူ ၂၀၀၂၂ ဦး ရှိပါတယ်။

ရန်ကုန်တိုင်းဒေသကြီး တစ်ခုတည်းအရဆိုရင် ယာဉ်မတော်တဆမှု ၁၃၆၄၆ မှု ရှိပြီး သေဆုံးသူ၂၇၉၁ ဦး ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)