ဘရားဇီးဟဲဗီးဝိတ်တန်းချန်ပီယံကို အကောင်းဆုံး ယှဉ်ပြိုင်ထိုးသတ်သွားမယ်လို့ အောင်လအန်ဆန်းကပြော (ရုပ်/သံ)

0
1008







>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
ဘရားဇီးဟဲဗီးဝိတ်တန်းချန်ပီယံကို ဘယ်နှစ်ချီအတွင်းအလဲထိုးနိုင်မယ်ဆိုတာ မပြောနိုင်ပေမယ့် အကောင်းဆုံး ယှဉ်ပြိုင်ထိုးသတ်သွားမယ်လို့ အောင်လအန်ဆန်းကပြောကြားလိုက်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် မောင်ထက်ကပေးပို့ထားပါတယ် ။

ဂျူ_ဂျစ်ဆုခါးပါတ်နက်ပိုင်ရှင်လည်းဖြစ်သလို လှပသေသပ်တဲ့ချုပ်ကွက်တွေအတုံးအရုံးလဲသွားစေလောက်တဲ့ ထိုးချက်တွေနဲ့ အမှတ်ယူတတ်တဲ့ ဘရားဇီးနိုင်ငံက ဟဲဗီးဝိတ်တန်းချန်ပီယံ ALEXANDRE “Bebezao” Machadoကို ကို ဘယ်နှစ်ချီအတွင်း အပြီးထိုးမယ်လို့မပြောနိုင်ပေမယ့် အောင်လအန်ဆန်းက အကောင်းဆုံးယှဉ်ပြိုင်ထိုးသတ်သွားမယ်လို့ပြောပါတယ်။

ဝမ်းချန်ပီယံရှစ် ရွှေခါးပတ် လုပွဲ ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ရန်ကုန်မြို ့သုဝဏ္ဏ အ-ားကစားရုံမှာ ကျင်းပ သွားမှာဖြစ်တဲ့အကြောင်းကို ဖေဖော်ဝါရီလ၂၀ရက်နေ့က ရန်ကုန်မြို့ROSE GARDEN ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲပြူလုပ်ခဲ့တာဖြစ်ပါတယ် ။

Soundbites-အောင်လအန်ဆန်း

အောင်လအန်ဆန်းနဲ့Mschadoတို့ဟာ လစ်လပ်နေတဲ့ ဝမ်းလိုက်ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံရှစ် အတွက် ယှဉ်ပြိုင်ထိုးသတ်ကြမှာ ဖြစ်ပြီး ဒီပွဲမှာ မြန်မာဂုဏ်ယူနိုင်စေရမယ်လို ့အောင်လအန်ဆန်းကပြောဆိုထားပါတယ် ။

Soundbites-အောင်လအန်ဆန်း
မကြာခင်ကျင်းပမယ့် ဝမ်းချန်ပီယံရှစ် ရွှေခါးပတ်လုပွဲမှာ ဝမ်းမစ်ဒယ်ဝိတ်တန်း ကမ္ဘာ ့ချန်ပီယံ အောင်လ အန်ဆန်း နဲ့ ဘရာဇီးနိုင်ငံသား ကမ္ဘာ ့ချန်ပီယံ Alexandre Machado တို ့ရဲ့ပွဲစဉ် အပြင် ဝမ်းဖယ်သာ ဝိတ်တန်း ကစားသမား ဖိုးသော်နဲ့ ကမ္ဘောဒီးယား နိုင်ငံသား Sor Sey ပွဲစဉ်တွေပါရှိပြီး စုစုပေါင်းပွဲစဉ် ၈ ပွဲ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ် ခင်ဗျာ ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)