ေခတ္ေပၚ ေခတ္ၿပိဳင္ပန္းခ်ီကားေတြကို အမ်ိဳးသားျပတိုက္မွာ စုေဆာင္း ျပသႏိုင္ဖို႔ ပန္းခ်ီျပပြဲ က်င္းပ (႐ုပ္/သံ)

0
944

နုိင္ငံေက်ာ္ပန္းခ်ီဆရာႀကီးေတြရဲ႕ ျမန္မာ့ေခတ္ေပၚေခတ္ၿပိဳင္ပန္းခ်ီကားေတြကုိ အမ်ဳိးသားျပတုိက္မွာ စုေဆာင္း ျပသနုိင္ဖို႔ ျပတုိက္လႈပ္ရွားမႈ ပန္းခ်ီျပပြဲ က်င္းပေနပါတယ္။ ဒီသတင္းကုိ MCN သတင္းေထာက္ ေကသြယ္ ကေပးပို႔ထားပါတယ္။

နိင္ငံေက်ာ္ပန္းခ်ီဆရာ(၇၃)ဦးရဲ႕ ျမန္မာ့ေခတ္ေပၚေခတ္ျပဳိင္ပန္းခ်ီကားေတြကုိ ေဖေဖၚ၀ါရီလ ၂၀ရက္ေန႔ကေန ၂၈ ရက္ေန႔အထိ ရန္ကုန္ၿမိဳ႕ အမ်ဳိးသားျပတုိက္မွာ ျပတုိက္လႈပ္ရွားမႈအျဖစ္ ျပသသြားမွာျဖစ္ၿပီး အဲဒီကေနတဆင့္ ယဥ္ေက်းမႈနဲ႔ ကုိက္ညီတဲ့ပန္းခ်ီကားေတြကုိ ေရြးခ်ယ္စိစစ္ ျပသထားရွိသြားမွာ ျဖစ္ပါတယ္။

Sound Bite ပန္းခ်ီစုိးမုိး (အဖြဲ႕၀င္ )
ပန္းခ်ီကားေရြးခ်ယ္ေရးအဖြဲ႕

ႏွစ္ေပါင္း ၃၀ ေက်ာ္ၾကာ ေရြးခ်ယ္ျပသနိုင္ျခင္းမရွိခဲ့တဲ့ ျမန္မာ့ေခတ္ေပၚေခတ္ျပဳိင္ပန္းခ်ီကားေတြကုိ အခုအစုိးရ လက္ထက္မွာ ျပသခြင့္ရတာဟာ ႀကီးမားတဲ့အခြင့္အေရးတစ္ရပ္ျဖစ္သလို ျမန္မာ့ပန္းခ်ီေလာကရဲ႕ ဆင့္ကဲျဖစ္ ေပၚလာမႈ သမုိင္းေၾကာင္းကို ျပတုိက္ေတြကေရြးခ်ယ္စုေဆာင္းတာဟာ ပန္းခ်ီေလာကသားေတြအတြက္ ၀မ္းသာပီတိျဖစ္ရတယ္လို႔ ပန္းခ်ီဆရာေတြကေျပာပါတယ္ ။

Sound Bite ပန္းခ်ီဆရာ ၀င္းေဖျမင့္

ပထမအဆင့္ေရြးခ်ယ္ျပသထားတဲ့ ပန္းခ်ီအနုပညာလက္ရာေတြကုိ ဒုတိယအဆင့္ျပန္လည္ေရြးခ်ယ္ၿပီး အမ်ဳိး သားျပတုိက္(ရန္ကုန္)နဲ႔ အမ်ိဳးသားျပတုိက္ ေနျပည္ေတာ္တို႔မွာ စုေပါင္းၿပီးျပသသြားမွာျဖစ္ပါတယ္။ အဲဒီျပပြဲမွာေတာ့ ပန္းခ်ီဆရာႀကီးေတြရဲ႕ MuseumTalk အစီအစဥ္ေတြနဲ႔ ပန္းခ်ီဆရာေတြ ကုိယ္တုိင္ လက္ေတြ႔ျပသေရးဆြဲတာေတြ ျပဳလုပ္သြားမွာျဖစ္ပါတယ္ရွင္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

နိုင်ငံကျော်ပန်းချီဆရာကြီးတွေရဲ့ မြန်မာ့ခေတ်ပေါ်ခေတ်ပြိုင်ပန်းချီကားတွေကို အမျိုးသားပြတိုက်မှာ စုဆောင်း ပြသနိုင်ဖို့ ပြတိုက်လှုပ်ရှားမှု ပန်းချီပြပွဲ ကျင်းပနေပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ကေသွယ် ကပေးပို့ထားပါတယ်။

နိင်ငံကျော်ပန်းချီဆရာ(၇၃)ဦးရဲ့ မြန်မာ့ခေတ်ပေါ်ခေတ်ပြိုင်ပန်းချီကားတွေကို ဖေဖေါ်ဝါရီလ ၂၀ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ရန်ကုန်မြို့ အမျိုးသားပြတိုက်မှာ ပြတိုက်လှုပ်ရှားမှုအဖြစ် ပြသသွားမှာဖြစ်ပြီး အဲဒီကနေတဆင့် ယဉ်ကျေးမှုနဲ့ ကိုက်ညီတဲ့ပန်းချီကားတွေကို ရွေးချယ်စိစစ် ပြသထားရှိသွားမှာ ဖြစ်ပါတယ်။

Sound Bite ပန်းချီစိုးမိုး (အဖွဲ့ဝင် )
ပန်းချီကားရွေးချယ်ရေးအဖွဲ့

နှစ်ပေါင်း ၃၀ ကျော်ကြာ ရွေးချယ်ပြသနိုင်ခြင်းမရှိခဲ့တဲ့ မြန်မာ့ခေတ်ပေါ်ခေတ်ပြိုင်ပန်းချီကားတွေကို အခုအစိုးရ လက်ထက်မှာ ပြသခွင့်ရတာဟာ ကြီးမားတဲ့အခွင့်အရေးတစ်ရပ်ဖြစ်သလို မြန်မာ့ပန်းချီလောကရဲ့ ဆင့်ကဲဖြစ် ပေါ်လာမှု သမိုင်းကြောင်းကို ပြတိုက်တွေကရွေးချယ်စုဆောင်းတာဟာ ပန်းချီလောကသားတွေအတွက် ဝမ်းသာပီတိဖြစ်ရတယ်လို့ ပန်းချီဆရာတွေကပြောပါတယ် ။

Sound Bite ပန်းချီဆရာ ဝင်းဖေမြင့်

ပထမအဆင့်ရွေးချယ်ပြသထားတဲ့ ပန်းချီအနုပညာလက်ရာတွေကို ဒုတိယအဆင့်ပြန်လည်ရွေးချယ်ပြီး အမျိုး သားပြတိုက်(ရန်ကုန်)နဲ့ အမျိုးသားပြတိုက် နေပြည်တော်တို့မှာ စုပေါင်းပြီးပြသသွားမှာဖြစ်ပါတယ်။ အဲဒီပြပွဲမှာတော့ ပန်းချီဆရာကြီးတွေရဲ့ MuseumTalk အစီအစဉ်တွေနဲ့ ပန်းချီဆရာတွေ ကိုယ်တိုင် လက်တွေ့ပြသရေးဆွဲတာတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)