အကယ္ဒမီ ေရႊႀကိဳေတြအျဖစ္ အႏုပညာေလာက မိသားစုေတြထဲကပဲ ေရြးမယ္ (႐ုပ္/သံ)

0
920

၂၀၁၇ ခုႏွစ္ ျမန္မာ႔႐ုပ္ရွင္အကယ္ဒမီ ထူးခၽြန္ဆုေပးပဲြအတြက္ အႏုပညာေလာက ထဲမ်ိဳးဆက္သစ္အႏုပညာရွင္ေတြကိုသာ ေရႊႀကိဳအျဖစ္ ေရြးခ်ယ္သြားမွာျဖစ္ပါတယ္။ ဒီသတင္းကို MCN သတငး္ေထာက္ ေကဇြန္ေႏြးက သတငး္ေပးပုိ႔ထားပါတယ္။

၂၀၁၇ ခုႏွစ္ ျမန္မာ့႐ုပ္ရွင္အကယ္ဒမီ ေရႊႀကိဳေရြးခ်ယ္ရာမွာ အႏုပညာေလာကထဲမွာလက္ရွိ လုပ္ကုိင္ေနသူေတြ အႏုပညာရွင္ေတြရဲ႕သားသမီးေတြ ထဲက အသက္(၂၁)ႏွစ္ေအာက္လူငယ္ေတြကို ေရြးခ်ယ္သြားမွာျဖစ္တယ္လုိ႔ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ံုး ဒုတိယဥကၠ႒ ဦးေအးၾကဴေလးက ေျပာပါတယ္။

တက္သစ္စအႏုပညာရွင္လူငယ္ေတြကို ေျမေတာင္ေျမွာက္ေပးခ်င္တဲ႔အတြက္ အခုလိုေရြးခ်ယ္ဖို႔ဆံုးျဖတ္တာ ျဖစ္တယ္လို႔ ေျပာပါတယ္။

Soundbite – ဦးေအးၾကဴေလး (ဒုဥကၠ႒) ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ံုး

အရင္ႏွစ္ေတြက ေရႊႀကိဳေခၚယူရာမွာ လူဦးေရ(၄၀၀)နီးပါး လာေရာက္ေလွ်ာက္ထားခဲ့ပါတယ္။ အဲ႔ဒီထဲက အဆင့္ဆင့္ စိစစ္ေရြးခ်ယ္ၿပီး (၁၀)ဦးခန္႔ေလာက္သာ ေရႊႀကိဳအျဖစ္ေရြးခ်ယ္ခဲ့တာပါ။ ေရြးခ်ယ္ခံရသူေတြကို (၃)လ ႀကိဳတင္ေလ႔က်င့္ ျပင္ဆင္မႈေတြ ျမန္မာႏိုင္ငံ ႐ုပ္ရွင္အစည္းအ႐ံုးမွာ ျပဳလုပ္ေပးခဲ့တာလည္း ျဖစ္ပါတယ္။

Soundbite – ဦးေအးၾကဴေလး (ဒုဥကၠ႒) ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ံုး

ေရႊႀကိဳကေနတစ္ဆင့္ အႏုပညာေလာကထဲကိုဝင္ေရာက္လာၿပီး ေအာင္ျမင္ေနတဲ႔ အႏုပညာရွင္ေတြရွိခဲ့တာေၾကာင့္ ေရႊႀကိဳ လို႕ ေခၚတဲ့ အကယ္ဒမီဗန္းကိုင္ေနရာကို ျပင္ပက အႏုပညာ၀ါသနာရွင္မ်ိဳးဆက္သစ္ေတြအေနနဲ႕ ဒီႏွစ္မွာေတာ့ ေရြးခ်ယ္မႈပုံစံေျပာင္းလဲခဲ့တာေၾကာင့္ ၀င္ေရာက္ေရြးခ်ယ္ခံခြင့္ ဆုံး႐ႈံးခဲ့တာျဖစ္ပါတယ္ရွင္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲအတွက် အနုပညာလောက ထဲမျိုးဆက်သစ်အနုပညာရှင်တွေကိုသာ ရွှေကြိုအဖြစ် ရွေးချယ်သွားမှာဖြစ်ပါတယ်။ ဒီသတင်းကို MCN သတငး်ထောက် ကေဇွန်နွေးက သတငး်ပေးပို့ထားပါတယ်။

၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီ ရွှေကြိုရွေးချယ်ရာမှာ အနုပညာလောကထဲမှာလက်ရှိ လုပ်ကိုင်နေသူတွေ အနုပညာရှင်တွေရဲ့သားသမီးတွေ ထဲက အသက်(၂၁)နှစ်အောက်လူငယ်တွေကို ရွေးချယ်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက ပြောပါတယ်။

တက်သစ်စအနုပညာရှင်လူငယ်တွေကို မြေတောင်မြှောက်ပေးချင်တဲ့အတွက် အခုလိုရွေးချယ်ဖို့ဆုံးဖြတ်တာ ဖြစ်တယ်လို့ ပြောပါတယ်။

Soundbite – ဦးအေးကြူလေး (ဒုဥက္ကဋ္ဌ) မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး

အရင်နှစ်တွေက ရွှေကြိုခေါ်ယူရာမှာ လူဦးရေ(၄၀ဝ)နီးပါး လာရောက်လျှောက်ထားခဲ့ပါတယ်။ အဲ့ဒီထဲက အဆင့်ဆင့် စိစစ်ရွေးချယ်ပြီး (၁၀)ဦးခန့်လောက်သာ ရွှေကြိုအဖြစ်ရွေးချယ်ခဲ့တာပါ။ ရွေးချယ်ခံရသူတွေကို (၃)လ ကြိုတင်လေ့ကျင့် ပြင်ဆင်မှုတွေ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ပြုလုပ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

Soundbite – ဦးအေးကြူလေး (ဒုဥက္ကဋ္ဌ) မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး

ရွှေကြိုကနေတစ်ဆင့် အနုပညာလောကထဲကိုဝင်ရောက်လာပြီး အောင်မြင်နေတဲ့ အနုပညာရှင်တွေရှိခဲ့တာကြောင့် ရွှေကြို လို့ ခေါ်တဲ့ အကယ်ဒမီဗန်းကိုင်နေရာကို ပြင်ပက အနုပညာဝါသနာရှင်မျိုးဆက်သစ်တွေအနေနဲ့ ဒီနှစ်မှာတော့ ရွေးချယ်မှုပုံစံပြောင်းလဲခဲ့တာကြောင့် ဝင်ရောက်ရွေးချယ်ခံခွင့် ဆုံးရှုံးခဲ့တာဖြစ်ပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)