ဒညင္းကုန္း-အင္းစိန္ ရထားလမ္းအပိုင္းကို အဆင့္ျမင့္တင္သြားဖို႔႐ွိ (႐ုပ္/သံ)

0
963

ဒညင္းကုန္း-အင္းစိန္ ရထားလမ္းအပိုင္းကို အဆင့္ျမင့္တင္သြားမွာေၾကာင့္ ေဖာ့ကန္ဘူတာမွာ ရထားသြား လာေရး ႀကီးၾကပ္ေရးရုံးတစ္ရုံ ဖြင့္လွစ္သြားဖို႔ ရွိေနပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ တင္ေမာင္ေထြး က ေပးပို႔ထားပါတယ္။

၁၉၅၈ ခုႏွစ္ကတည္းက တည္ေဆာက္ထားတဲ႔ ရန္ကုန္ၿမိဳ႕ပတ္ရထားလမ္းကို ၂၀၁၈ ခုႏွစ္ ေဖေဖၚဝါရီလကေန ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလအထိ ရထားလမ္းအပိုင္း အဆင့္ျမင့္တင္တဲ့လုပ္ငန္းေတြကို လုပ္ေဆာင္သြားဖို႔ ရွိေနပါတယ္။

ရန္ကုန္ၿမိဳ႕ပတ္ရထားလမ္း အဆင့္ျမင့္တင္တဲ့လုပ္ငန္းကို အေရွ႕ျခမ္းနဲ႔ အေနာက္ျခမ္း ၂ ပိုင္းခြဲထားၿပီး ပထမအဆင့္အေနနဲ႔ ရန္ကုန္ၿမိဳ႕ပတ္အေနာက္ျခမ္း ဒညင္းကုန္း-အင္းစိန္လမ္းအပိုင္းကို ေဖေဖၚဝါရီလ ၂၁ ရက္ေန႔ကေန စတင္လုပ္ေဆာင္သြားမွာျဖစ္ပါတယ္။

အဲဒီလိုလုပ္ေဆာင္ရာမွာ ဒညင္းကုန္း – အင္းစိန္လမ္းအပိုင္းကို တစ္လမ္းပိတ္ထားၿပီး ေဖါ့ကန္ဘူတာကေန ရထားသြားလာေရးႀကီးၾကပ္ေရးရုံးတစ္ရုံးဖြင့္လွစ္ ေဆာင္ရြက္သြားမွာျဖစ္ပါတယ္။

Soundbite ဦးေက်ာ္ေက်ာ္မ်ိဳး (အေထြေထြမန္ေနဂ်ာ) ျမန္မာ့မီးရထား(သြား၊လာပို႔ေဆာင္ေရး)

အဲဒီလို ရထားလမ္းအပိုင္း အဆင့္ျမင့္တင္ဖို႔လုပ္ေဆာင္ရာမွာ မီးရထားစီးျပည္သူေတြ အခက္အခဲမရွိေစဖို႔ မနက္ပိုင္းေျပးဆြဲေနတဲ႔ ရထားအစီစဥ္အတိုင္း ေျပးဆြဲေနမွာျဖစ္သလို ေန႔ခင္းပိုင္းေျပးဆြဲမယ့္ ရထားအစီးအေရ အနည္းငယ္ ေလွ်ာ့ခ်သြားမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ညေနပိုင္းေျပးဆြဲမယ့္ရထားအစီးအေရကို တစ္စီးပိုတိုးၿပီး ေဆာင္ရြက္သြားဖို႔လည္း ရွိေနပါတယ္။

Soundbite ဦးေက်ာ္ေက်ာ္မ်ိဳး (အေထြေထြမန္ေနဂ်ာ) ျမန္မာ့မီးရထား(သြား၊လာပို႔ေဆာင္ေရး)

ရန္ကုန္ၿမိဳ႕ပတ္ရထားလမ္း အေနာက္ျခမ္းအဆင့္ျမင့္တင္တဲ့လုပ္ငန္းကို A1 ကုမၸဏီက တာဝန္ယူေဆာင္ရြက္ မွာ ျဖစ္ၿပီး၊ ရန္ကုန္ၿမိဳ႕ပတ္ရထားလမ္း အေရွ႕ျခမ္းအဆင့္ျမင့္တင္တဲ့လုပ္ငန္းကို ေရႊေတာင္ကုမၸဏီက တာဝန္ ယူေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒညင်းကုန်း-အင်းစိန် ရထားလမ်းအပိုင်းကို အဆင့်မြင့်တင်သွားမှာကြောင့် ဖော့ကန်ဘူတာမှာ ရထားသွား လာရေး ကြီးကြပ်ရေးရုံးတစ်ရုံ ဖွင့်လှစ်သွားဖို့ ရှိနေပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မောင်ထွေး က ပေးပို့ထားပါတယ်။

၁၉၅၈ ခုနှစ်ကတည်းက တည်ဆောက်ထားတဲ့ ရန်ကုန်မြို့ပတ်ရထားလမ်းကို ၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလကနေ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအထိ ရထားလမ်းအပိုင်း အဆင့်မြင့်တင်တဲ့လုပ်ငန်းတွေကို လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။

ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြင့်တင်တဲ့လုပ်ငန်းကို အရှေ့ခြမ်းနဲ့ အနောက်ခြမ်း ၂ ပိုင်းခွဲထားပြီး ပထမအဆင့်အနေနဲ့ ရန်ကုန်မြို့ပတ်အနောက်ခြမ်း ဒညင်းကုန်း-အင်းစိန်လမ်းအပိုင်းကို ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့ကနေ စတင်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

အဲဒီလိုလုပ်ဆောင်ရာမှာ ဒညင်းကုန်း – အင်းစိန်လမ်းအပိုင်းကို တစ်လမ်းပိတ်ထားပြီး ဖေါ့ကန်ဘူတာကနေ ရထားသွားလာရေးကြီးကြပ်ရေးရုံးတစ်ရုံးဖွင့်လှစ် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

Soundbite ဦးကျော်ကျော်မျိုး (အထွေထွေမန်နေဂျာ) မြန်မာ့မီးရထား(သွား၊လာပို့ဆောင်ရေး)

အဲဒီလို ရထားလမ်းအပိုင်း အဆင့်မြင့်တင်ဖို့လုပ်ဆောင်ရာမှာ မီးရထားစီးပြည်သူတွေ အခက်အခဲမရှိစေဖို့ မနက်ပိုင်းပြေးဆွဲနေတဲ့ ရထားအစီစဉ်အတိုင်း ပြေးဆွဲနေမှာဖြစ်သလို နေ့ခင်းပိုင်းပြေးဆွဲမယ့် ရထားအစီးအရေ အနည်းငယ် လျှော့ချသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ညနေပိုင်းပြေးဆွဲမယ့်ရထားအစီးအရေကို တစ်စီးပိုတိုးပြီး ဆောင်ရွက်သွားဖို့လည်း ရှိနေပါတယ်။

Soundbite ဦးကျော်ကျော်မျိုး (အထွေထွေမန်နေဂျာ) မြန်မာ့မီးရထား(သွား၊လာပို့ဆောင်ရေး)

ရန်ကုန်မြို့ပတ်ရထားလမ်း အနောက်ခြမ်းအဆင့်မြင့်တင်တဲ့လုပ်ငန်းကို A1 ကုမ္ပဏီက တာဝန်ယူဆောင်ရွက် မှာ ဖြစ်ပြီး၊ ရန်ကုန်မြို့ပတ်ရထားလမ်း အရှေ့ခြမ်းအဆင့်မြင့်တင်တဲ့လုပ်ငန်းကို ရွှေတောင်ကုမ္ပဏီက တာဝန် ယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)