စင္ကာပူေျမေစ်းက ျမန္မာထက္ အဆ ၄၀ မ်ားေနလို႔ ျမန္မာ့ ေျမေစ်းကို ေလ်ာ့ဖို႔မလို

0
1006

ျမန္မာႏိုင္ငံရဲ႕ ေျမေစ်းထက္ စင္ကာပူေျမေစ်းက အဆ ၄၀ နဲ႔ ထိုင္း လမ္းမႀကီးေတြေဘးက ေျမေစ်းက အဆ ၂၀ မ်ားေနတဲ့အတြက္ ျမန္မာႏိုင္ငံရဲ႕ ေျမေစ်းကို ေလွ်ာ့စရာ မလိုဘူးလို႔ ျမန္မာႏိုင္ငံ ေဆာက္လုပ္ေရး လုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္ ဒုဥကၠ႒ ဦးရွိန္ဝင္းက ေျပာပါတယ္။

ျမန္မာႏိုင္ငံေျမေစ်း ႀကီးျမင့္တယ္လို႔ ႏိုင္ငံျခားသား လုပ္ငန္းရွင္ေတြက ေဝဖန္ေျပာဆိုေနၾက တာေတြဟာ ရယ္စရာေကာင္းၿပီး ၿမိဳ႕ေျမေစ်းကို ေလ်ာ့ရင္ ႏိုင္ငံျခားသားေတြ စိတ္ႀကိဳက္ ျဖစ္သြားလိမ့္မယ္လို႔ သူကေျပာဆိုခဲ့တာပါ။

ျမန္မာလို ဆင္းရဲတဲ့ ႏိုင္ငံေတြမွာ တိုင္းျပည္ ခ်မ္းသာလာေအာင္ အားကိုးအားထား ျပဳစရာဟာ ေျမပဲရွိတဲ့အတြက္ ေျမေစ်းကို တန္ဖိုးရွိေအာင္ လုပ္ဖို႔လိုၿပီး စနစ္တက် စီမံခန္႔ခြဲရမယ္လို႔ သူက ေျပာၾကားခဲ့တာပါ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စင်ကာပူမြေဈေးက မြန်မာထက် အဆ ၄၀ များနေလို့ မြန်မာ့ မြေဈေးကို လျော့ဖို့မလို

မြန်မာနိုင်ငံရဲ့ မြေဈေးထက် စင်ကာပူမြေဈေးက အဆ ၄၀ နဲ့ ထိုင်း လမ်းမကြီးတွေဘေးက မြေဈေးက အဆ ၂၀ များနေတဲ့အတွက် မြန်မာနိုင်ငံရဲ့ မြေဈေးကို လျှော့စရာ မလိုဘူးလို့ မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းချုပ် ဒုဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောပါတယ်။

မြန်မာနိုင်ငံမြေဈေး ကြီးမြင့်တယ်လို့ နိုင်ငံခြားသား လုပ်ငန်းရှင်တွေက ဝေဖန်ပြောဆိုနေကြ တာတွေဟာ ရယ်စရာကောင်းပြီး မြို့မြေဈေးကို လျော့ရင် နိုင်ငံခြားသားတွေ စိတ်ကြိုက် ဖြစ်သွားလိမ့်မယ်လို့ သူကပြောဆိုခဲ့တာပါ။

မြန်မာလို ဆင်းရဲတဲ့ နိုင်ငံတွေမှာ တိုင်းပြည် ချမ်းသာလာအောင် အားကိုးအားထား ပြုစရာဟာ မြေပဲရှိတဲ့အတွက် မြေဈေးကို တန်ဖိုးရှိအောင် လုပ်ဖို့လိုပြီး စနစ်တကျ စီမံခန့်ခွဲရမယ်လို့ သူက ပြောကြားခဲ့တာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)