
0
924





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒေါ်သန်း ၁၀ဝ ကျော်နဲ့ ရန်ကုန်မြို့က ရေမြောင်းတွေကို အဆင့်မြှင့်တင်ဖို့ ရှိ

ကမ္ဘာ့ဘဏ်က ချေးငွေ အမေရိကန် ၁၁၇ သန်းနဲ့ ရန်ကုန်မြို့ရှိ ရေမြောင်းစနစ်တွေ၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့ အဆောက်အဦးတွေကို အဆင့်မြှင့်တင်သွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းရာနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့၊ ဆူးလေ ရှန်ဂရီလာ ဟိုတယ်မှာ ဒီကနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ အခမ်းအနားတစ်ခု ပြုလုပ်ခဲ့ပါတယ်။

ကမ္ဘာ့ဘဏ်က ချေးငွေ အမေရိကန် ဒေါ်လာ ၁၁၇ သန်းနဲ့ ဂျပန် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ နိုင်ငံတကာ အလှူရှင်တွေ စတဲ့ အရှေ့တောင်အာရှ သဘာဝ ဘေးအန္တရာယ် အာမခံ ရန်ပုံငွေ (SEADRIF) အတွက် ထောက်ပံ့ငွေ ၁ သန်း စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၁၈ သန်းနဲ့ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဒီအစီအစဉ်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ပြီး အခမ်းအနားကို ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)