
0
299




>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘဏ်စည်းကမ်းတွေ ကောင်းပေမယ့် မူကြိုကလေးကို အလေးမ,ခိုင်းသလို ဖြစ်နေကြောင်း မောင်ဝိတ်ပြော

မြန်မာနိုင်ငံတော် ဗဟိုဘဏ်နဲ့ ဘဏ်တွေကြားက ထွက်ပေါ်လာတဲ့ စည်းမျဉ်းစည်းကမ်းတွေ ကောင်းပေမယ့် မူကြိုကလေးကို အလေး မခိုင်းသလို အချိန်အခါ မသင့်သေးဘူးလို့ ဆောက်လုပ်ရေး လုပ်ငန်းရှင် မောင်ဝိတ်က ပြောပါတယ်။

ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ အနေနဲ့ လုပ်ငန်းလည်ပတ်ဖို့ ဘဏ်တွေက ချေးငွေတွေ ယူတဲ့အခါမှာ အာမခံနဲ့ လုပ်ငန်းတွေ စနစ်တကျ လုပ်ထားရင် ငွေချေးပေးမယ်လို့ သဘောတူထားပေမယ့် ဗဟိုဘဏ်နဲ့ ဘဏ်တွေကြားမှာ ထွက်ပေါ်လာတဲ့ စည်းကမ်းတွေကြောင့် ဘဏ်တွေက ချေးငွေအသစ်တွေ မပေးနိုင်တော့တဲ့အပြင် အရင်ချေးထားတဲ့ ငွေတွေကို အချိန်တိုအတွင်း ပြန်ဆပ်ခိုင်းနေကြတာပါ။

ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေဟာ အခုအချိန်မှာ ရပ်ဆိုင်းမှုတွေ၊ အရှိန်လျော့ချမှုတွေ ရှိနေတာဖြစ်ပြီး လုပ်ငန်းတွေ ဆက်လက် လည်ပတ်ဖို့ လုပ်ငန်းရှင်တွေဟာ ဘဏ်ချေးငွေ အသစ်တွေ မရရှိတော့တဲ့အပြင် ဘဏ်ချေးငွေ အတိုးနှုန်း လျော့ချဖို့လည်း တောင်းဆိုနေကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)