တိုင္းရင္းသား လုပ္ငန္းရွင္ေတြကို မကူညီရင္ ႏိုင္ငံျခားသားေတြ ဝါးမ်ိဳသြားလိမ့္မယ္လို႔ ေျပာ

0
318

အစိုးရအေနနဲ႔ ျပည္တြင္း တိုင္းရင္းသား လုပ္ငန္းရွင္ေတြရဲ႕ လုပ္ငန္းေတြ ႀကီးထြား ခ်မ္းသာလာေအာင္ မကူညီေပးရင္ ျပည္ပကဝင္လာမယ့္ ႏိုင္ငံျခားသား လုပ္ငန္းရွင္ေတြက လုပ္ငန္းေတြကို ဝါးမ်ိဳသြား လိမ့္မယ္လို႔ ျမန္မာႏိုင္ငံ ေဆာက္လုပ္ေရး လုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္ ဒု ဥကၠ႒ ဦးရွိန္ဝင္းက ေျပာပါတယ္။

ေဖေဖာ္၀ါရီလ ၁၇ ရက္ေန႔က ရန္ကုန္ၿမိဳ႕၊ ျမန္မာကြန္ဗင္းရွင္း စင္တာ (MCC) မွာ က်င္းပခဲ့တဲ့ ေဆာက္လုပ္ေရး က႑မွာ ေတြ႔ႀကံဳေနရတဲ့ အခက္အခဲမ်ား ေဆြးေႏြးပြဲမွာ အစိုးရ တာဝန္ရွိသူေတြကို သူက တင္ျပခဲ့တာပါ။

ျပည္ပက ဝင္ေရာက္လာမယ့္ ရင္းႏွီးျမွဳပ္ႏွံမႈေတြနဲ႔ ႏိုင္ငံျခားသား လုပ္ငန္းရွင္ေတြနဲ႔ ယွဥ္ၿပိဳင္ႏိုင္ဖို႔ အစိုးရ အကူအညီ လိုအပ္ေနတာျဖစ္ၿပီး အခ်ိန္မီ မျပင္ဆင္ခဲ့ဘူးဆိုရင္ ျပည္တြင္း လုပ္ငန္းရွင္ေတြက ႏိုင္ငံျခား လုပ္ငန္းရွင္ေတြရဲ႕ အလုပ္သမား ျဖစ္သြားလိမ့္မယ္လို႔ သူကေျပာၾကားခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တိုင်းရင်းသား လုပ်ငန်းရှင်တွေကို မကူညီရင် နိုင်ငံခြားသားတွေ ဝါးမျိုသွားလိမ့်မယ်လို့ ပြော

အစိုးရအနေနဲ့ ပြည်တွင်း တိုင်းရင်းသား လုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းတွေ ကြီးထွား ချမ်းသာလာအောင် မကူညီပေးရင် ပြည်ပကဝင်လာမယ့် နိုင်ငံခြားသား လုပ်ငန်းရှင်တွေက လုပ်ငန်းတွေကို ဝါးမျိုသွားလိမ့်မယ်လို့ မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းချုပ် ဒု ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ရန်ကုန်မြို့၊ မြန်မာကွန်ဗင်းရှင်း စင်တာ (MCC) မှာ ကျင်းပခဲ့တဲ့ ဆောက်လုပ်ရေး ကဏ္ဍမှာ တွေ့ကြုံနေရတဲ့ အခက်အခဲများ ဆွေးနွေးပွဲမှာ အစိုးရ တာဝန်ရှိသူတွေကို သူက တင်ပြခဲ့တာပါ။

ပြည်ပက ဝင်ရောက်လာမယ့် ရင်းနှီးမြှုပ်နှံမှုတွေနဲ့ နိုင်ငံခြားသား လုပ်ငန်းရှင်တွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့ အစိုးရ အကူအညီ လိုအပ်နေတာဖြစ်ပြီး အချိန်မီ မပြင်ဆင်ခဲ့ဘူးဆိုရင် ပြည်တွင်း လုပ်ငန်းရှင်တွေက နိုင်ငံခြား လုပ်ငန်းရှင်တွေရဲ့ အလုပ်သမား ဖြစ်သွားလိမ့်မယ်လို့ သူကပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)