ေမာင္ေတာမွာ တကၠသိုလ္ဝင္တန္း စာစစ္ဌာန ၃ ခု ဖြင့္ေပးမယ္

0
909

ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္မွာ တကၠသိုလ္ဝင္ စာေမးပြဲအတြက္ စာစစ္ဌာန ၃ ခု စီစဥ္ထားတယ္လို႔ ေခတၱခ႐ိုင္ပညာေရးမွဴး ဦးခင္ေအာင္က ေျပာပါတယ္။

အထက (၁) မွာရွိတဲ့ စာစစ္ဌာန ၂ ခုက တိုင္းရင္းသားေတြအတြက္ ျဖစ္ၿပီး အထက (၂) မွာရွိတဲ့ စာစစ္ဌာနကေတာ့ ဘဂၤါလီ ေက်ာင္းသား ေက်ာင္းသူေတြအတြက္ ျဖစ္ပါတယ္။

ေျဖဆိုမယ့္ ေက်ာင္းသား ေက်င္းသူ စုစုေပါင္း ၈၇၈ ဦး ရွိပါတယ္။ စာေမးပြဲခန္းေစာင့္မယ့္ ဆရာ၊ ဆရာမ အေရအတြက္လည္း အလံုအေလာက္ ရွိေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>

မောင်တောမှာ တက္ကသိုလ်ဝင်တန်း စာစစ်ဌာန ၃ ခု ဖွင့်ပေးမယ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ တက္ကသိုလ်ဝင် စာမေးပွဲအတွက် စာစစ်ဌာန ၃ ခု စီစဉ်ထားတယ်လို့ ခေတ္တခရိုင်ပညာရေးမှူး ဦးခင်အောင်က ပြောပါတယ်။

အထက (၁) မှာရှိတဲ့ စာစစ်ဌာန ၂ ခုက တိုင်းရင်းသားတွေအတွက် ဖြစ်ပြီး အထက (၂) မှာရှိတဲ့ စာစစ်ဌာနကတော့ ဘင်္ဂါလီ ကျောင်းသား ကျောင်းသူတွေအတွက် ဖြစ်ပါတယ်။

ဖြေဆိုမယ့် ကျောင်းသား ကျေင်းသူ စုစုပေါင်း ၈၇၈ ဦး ရှိပါတယ်။ စာမေးပွဲခန်းစောင့်မယ့် ဆရာ၊ ဆရာမ အရေအတွက်လည်း အလုံအလောက် ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)