ဒုကၡသည္ေတြ ျပန္ပို႔ႏုိင္ဖို႔ ျမန္မာကို ဖိအားေပးမယ္လို႔ ေနာ္ေဝ သံအမတ္ေျပာ

0
888

ဘဂၤလားေဒ့ရွ္ရွိ ဒုကၡသည္ေတြကို ျပန္ေခၚေရးနဲ႔ ပတ္သက္လုိ႔ ေနာ္ေဝက ျမန္မာႏိုင္ငံအေပၚ ဖိအားေပးမႈေတြ လုပ္သြားမယ္လုိ႔ ဘဂၤလားေဒရွ္႕ႏုိင္ငံဆုိင္ရာ ေနာ္ေဝ သံအမတ္ႀကီး ဆစ္ဆယ္ ဘလီကင္က ေျပာပါတယ္။

ဘဂၤလားေဒ့ရွ္က ျမန္မာႏုိင္ငံဆီ ပထမအသုတ္ ျပန္ပို႔မယ့္ ဒုကၡသည္ ၈၀၃၂ ဦး စာရင္းကို ျမန္မာအစိုးရထံ ေပးခဲ့ၿပီးျဖစ္ပါတယ္။ ဘဂၤလားေဒရွ္႕က ေပးခဲ့တဲ့ ဒုကၡသည္စာရင္းကို စစ္ေဆးမႈေတြ လုပ္ေဆာင္မွာ ျဖစ္တာေၾကာင့္ ဒုကၡသည္ေတြ ျပန္ပို႔ေရးက အခ်ိန္ရယူဖြယ္ရွိေနၿပီး အတိအက် အခ်ိန္သတ္မွတ္ႏုိင္မႈ မရွိေသးဘူးလို႔ ဘဂၤလားေဒရွ္႕ သတင္းေတြက ေဖာ္ျပပါတယ္။

ဒုကၡသည္ေတြ ျပန္ပို႔ေရးနဲ႔ ပတ္သက္လုိ႔ ဘဂၤလားေဒ့ရွ္နဲ႔ ျမန္မာႏုိင္ငံၾကား သေဘာတူညီမႈေတြ ရရွိခဲ့ေပမယ့္ ဒုကၡသည္ေတြ ျပန္ပို႔ေရးနဲ႔ ပတ္သက္လုိ႔ ျပႆနာေတြက ျမန္မာဘက္မွာ ရွိေနဆဲ ျဖစ္တယ္လို႔ ေနာ္ေဝသံ အမတ္ႀကီးက ေျပာခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒုက္ခသည်တွေ ပြန်ပို့နိုင်ဖို့ မြန်မာကို ဖိအားပေးမယ်လို့ နော်ဝေ သံအမတ်ပြော

ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်တွေကို ပြန်ခေါ်ရေးနဲ့ ပတ်သက်လို့ နော်ဝေက မြန်မာနိုင်ငံအပေါ် ဖိအားပေးမှုတွေ လုပ်သွားမယ်လို့ ဘင်္ဂလားဒေရှ့်နိုင်ငံဆိုင်ရာ နော်ဝေ သံအမတ်ကြီး ဆစ်ဆယ် ဘလီကင်က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်က မြန်မာနိုင်ငံဆီ ပထမအသုတ် ပြန်ပို့မယ့် ဒုက္ခသည် ၈၀၃၂ ဦး စာရင်းကို မြန်မာအစိုးရထံ ပေးခဲ့ပြီးဖြစ်ပါတယ်။ ဘင်္ဂလားဒေရှ့်က ပေးခဲ့တဲ့ ဒုက္ခသည်စာရင်းကို စစ်ဆေးမှုတွေ လုပ်ဆောင်မှာ ဖြစ်တာကြောင့် ဒုက္ခသည်တွေ ပြန်ပို့ရေးက အချိန်ရယူဖွယ်ရှိနေပြီး အတိအကျ အချိန်သတ်မှတ်နိုင်မှု မရှိသေးဘူးလို့ ဘင်္ဂလားဒေရှ့် သတင်းတွေက ဖော်ပြပါတယ်။

ဒုက္ခသည်တွေ ပြန်ပို့ရေးနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံကြား သဘောတူညီမှုတွေ ရရှိခဲ့ပေမယ့် ဒုက္ခသည်တွေ ပြန်ပို့ရေးနဲ့ ပတ်သက်လို့ ပြဿနာတွေက မြန်မာဘက်မှာ ရှိနေဆဲ ဖြစ်တယ်လို့ နော်ဝေသံ အမတ်ကြီးက ပြောခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)