အသက္ ၅၀ ေက်ာ္ အမ်ိဳးသမီးကို အဓမၼက်ဴးလြန္သူ ေနာက္ဆက္တြဲ လုယက္မႈေတြ ေပၚေပါက္

0
907

ရန္ကုန္တိုင္း၊ ဗိုလ္တေထာင္ၿမိဳ႕နယ္မွာ ျဖစ္ပြားခဲ့တဲ့ အသက္ ၅၀ အရြယ္ အမ်ိဳးသမီးကို ပစၥည္းနဲ႔ေငြေတြ ေျခာက္လွန္႔ေတာင္းယူၿပီး မုဒိမ္းမႈပါ က်ဴးလြန္ခဲ့တဲ့ မ်ိဳးမင္းသူ (ခ) မ်ိဳးဦးကို ဖမ္းဆီးစစ္ေဆးရာမွာ လုယက္မႈေတြ ထပ္မံေပၚေပါက္ခဲ့ပါတယ္။

ဗိုလ္တေထာင္ၿမိဳ႕နယ္မွာ ေဖေဖာ္၀ါရီလ ၁၃ ရက္ေန႔က ေဆာက္လက္စ ၈ ထပ္ တိုက္ခန္းရဲ႕ ပထမထပ္မွာ အသက္ ၅၀ အရြယ္ အမ်ိဳးသမီးတစ္ဦးကို မ်ိဳးမင္းသူက နားကပ္နဲ႔ ေငြက်ပ္ ၂ သိန္းတို႔ကို ၿခိမ္းေျခာက္ ေတာင္းယူခ့ဲၿပီး အဓမၼျပဳက်င့္ခဲ့တာ ျဖစ္ပါတယ္။

ျပစ္မႈက်ဴးလြန္သူ မ်ိဳးမင္းသူကို ဆက္လက္ စစ္ေဆးရာမွာ ၿပီးခဲ့တဲ့ ဇန္န၀ါရီလအတြင္းက ေဒါပံုၿမိဳ႕နယ္၊ မဟာဗႏၶဳလ တံတားေပၚ စကားေျပာေနတဲ့ စံုတဲြဆီကေန ဟြာေဝး လက္ကိုင္ဖုန္းတစ္လံုးကို လုယက္ခဲ့ၿပီး မဟာဗႏၶဳလ တံတားအဆင္းမွာ ရပ္ထားတဲ့ မိန္းမစီး စက္ဘီးတစ္စီးကို ခိုးယူခဲ့ေၾကာင္း ေပၚေပါက္ခဲ့တာေၾကာင့္ ေဒါပံုၿမိဳ႕မ ရဲစခန္းမွာ ပုဒ္မ အသီးသီးဖြင့္ၿပီး အေရးယူ ေဆာင္ရြက္ေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အသက် ၅၀ ကျော် အမျိုးသမီးကို အဓမ္မကျူးလွန်သူ နောက်ဆက်တွဲ လုယက်မှုတွေ ပေါ်ပေါက်

ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ အသက် ၅၀ အရွယ် အမျိုးသမီးကို ပစ္စည်းနဲ့ငွေတွေ ခြောက်လှန့်တောင်းယူပြီး မုဒိမ်းမှုပါ ကျူးလွန်ခဲ့တဲ့ မျိုးမင်းသူ (ခ) မျိုးဦးကို ဖမ်းဆီးစစ်ဆေးရာမှာ လုယက်မှုတွေ ထပ်မံပေါ်ပေါက်ခဲ့ပါတယ်။

ဗိုလ်တထောင်မြို့နယ်မှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ဆောက်လက်စ ၈ ထပ် တိုက်ခန်းရဲ့ ပထမထပ်မှာ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးကို မျိုးမင်းသူက နားကပ်နဲ့ ငွေကျပ် ၂ သိန်းတို့ကို ခြိမ်းခြောက် တောင်းယူခဲ့ပြီး အဓမ္မတပြုကျင့်ခဲ့တာ ဖြစ်ပါတယ်။

ပြစ်မှုကျူးလွန်သူ မျိုးမင်းသူကို ဆက်လက် စစ်ဆေးရာမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက ဒေါပုံမြို့နယ်၊ မဟာဗန္ဓုလ တံတားပေါ် စကားပြောနေတဲ့ စုံတွဲဆီကနေ ဟွာဝေး လက်ကိုင်ဖုန်းတစ်လုံးကို လုယက်ခဲ့ပြီး မဟာဗန္ဓုလ တံတားအဆင်းမှာ ရပ်ထားတဲ့ မိန်းမစီး စက်ဘီးတစ်စီးကို ခိုးယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့တာကြောင့် ဒေါပုံမြို့မ ရဲစခန်းမှာ ပုဒ်မ အသီးသီးဖွင့်ပြီး အရေးယူ ဆောင်ရွက်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)