
0
947

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာမှာ ပါဝင်ဆောင်ရွက်ဖို့ ဒီနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ ချင်းအမျိုးသားနေ့အတွက် ပေးပို့တဲ့ သ၀ဏ်လွှာမှာ ချင်းတိုင်းရင်းသားတွေကို သမ္မတ ဦးထင်ကျော်က တိုက်တွန်းပြောကြားပါတယ်။

PHOTO AGENCY/POOL



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာမှာ ပါဝင်ဆောင်ရွက်ဖို့ သမ္မတ တိုက်တွန်း

၂၀၁၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာမှာ ပါဝင်ဆောင်ရွက်ဖို့ ဒီနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ ချင်းအမျိုးသားနေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ ချင်းတိုင်းရင်းသားတွေကို သမ္မတ ဦးထင်ကျော်က တိုက်တွန်းပြောကြားပါတယ်။

တိုင်းရင်းသားပြည်သူတွေ လိုလားတောင့်တနေတဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံချက် ပေးနိုင်တဲ့ အနာဂတ်ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို ခိုင်မာစွာ တည်ဆောက်နိုင်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ နိုင်ငံရေး ဆွေးနွေးပွဲနဲ့ ဆောက်ရွက်ခဲ့ရာမှာ ချင်းတိုင်းရင်းသားတွေ အနေနဲ့ ဆက်လက် ပူးပေါင်းကြိုးပမ်းသွားဖို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

သမ္မတ ဦးထင်ကျော်က ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ပေါ်ထွက်လာဖို့ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ကျရောက်တဲ့ ၇၁ နှစ်မြောက် ရှမ်းပြည်နယ်နေ့ကို ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောကြားခဲ့သလို ၂၀၁၈ ခုနှစ် နှစ်သစ်ကူး မိန့်ခွန်းမှာလည်း ပြောကြားခဲ့ဖူးပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)