ေဆာ္ဒီအာေရဗ်က ျမန္မာအပါအဝင္ ၄ ႏိုင္ငံက ငါးတင္သြင္းမႈ ယာယီ ပိတ္ပင္

0
915

ျမန္မာ၊ အိႏၵိယ၊ ဘဂၤလားေဒ့ရွ္နဲ႔ ဗီယက္နမ္ ႏိုင္ငံတို႔ကေန ေရလုပ္ငန္းထြက္ ကုန္ပစၥည္းေတြ တင္ပို႔မႈကို ေဆာ္ဒီအာေရဗ် အာဏာပိုင္ေတြက ယာယီ ပိတ္ပင္လိုက္ပါတယ္။

ေဆာ္ဒီအာေရဗ် အစားေသာက္ႏွင့္ ေဆးဝါး အာဏာပိုင္အဖြဲ႕ (SFDA) က ဗီယက္နမ္ႏိုင္ငံမွာ ၿပီးခဲ့တဲ့လက ပို႔ကုန္ အရည္အေသြး စစ္ေဆးရာမွာ သတ္မွတ္တဲ့ လိုအပ္ခ်က္ေတြ မျပည့္မီေၾကာင္း ေတြ႔ရွိခဲ့ပါတယ္။ ဒါေၾကာင့္ ပိတ္ပင္မႈကို လာမယ့္ မတ္လ ၁ ရက္ေန႔ကေန စတင္လုပ္ေဆာင္မယ္လို႔ ဗီယက္နမ္ သတင္းေတြက ေဖာ္ျပပါတယ္။

ျမန္မာႏိုင္ငံ ငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္ကေတာ့ ေရထြက္ကုန္ပစၥည္း တင္ပို႔မႈ ပိတ္ပင္တာမွာ ျမန္မာပါဝင္တာနဲ႔ ပတ္သက္ၿပီး တရားဝင္ ထုတ္ျပန္ထားတာ မေတြ႕ရေသးပါဘူး။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆော်ဒီအာရေဗျက မြန်မာအပါအဝင် ၄ နိုင်ငံက ငါးတင်သွင်းမှု ယာယီ ပိတ်ပင်

မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဗီယက်နမ် နိုင်ငံတို့ကနေ ရေလုပ်ငန်းထွက် ကုန်ပစ္စည်းတွေ တင်ပို့မှုကို ဆော်ဒီအာရေဗျ အာဏာပိုင်တွေက ယာယီ ပိတ်ပင်လိုက်ပါတယ်။

ဆော်ဒီအာရေဗျ အစားသောက်နှင့် ဆေးဝါး အာဏာပိုင်အဖွဲ့ (SFDA) က ဗီယက်နမ်နိုင်ငံမှာ ပြီးခဲ့တဲ့လက ပို့ကုန် အရည်အသွေး စစ်ဆေးရာမှာ သတ်မှတ်တဲ့ လိုအပ်ချက်တွေ မပြည့်မီကြောင်း တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် ပိတ်ပင်မှုကို လာမယ့် မတ်လ ၁ ရက်နေ့ကနေ စတင်လုပ်ဆောင်မယ်လို့ ဗီယက်နမ် သတင်းတွေက ဖော်ပြပါတယ်။

မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ကတော့ ရေထွက်ကုန်ပစ္စည်း တင်ပို့မှု ပိတ်ပင်တာမှာ မြန်မာပါဝင်တာနဲ့ ပတ်သက်ပြီး တရားဝင် ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)