
0
979




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နယ်ခြားမှာ ပိတ်မိနေတဲ့ မွတ်စလင် ၆၅၀ဝ ကိစ္စ မြန်မာ၊ ဘင်္ဂလားဒေ့ရှ် ဆွေးနွေး

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြားက နယ်မြေလွတ်ထဲမှာ ပိတ်မိနေတဲ့ မွတ်စလင် ၆၅၀ဝ ကို မြန်မာဘက် ပြန်ပို့ရေး နှစ်နိုင်ငံ ကိုယ်စားလှယ်တွေ ဒီနေ့ ဖေဖော်ဝါရီ ၂၀ မှာ ဆွေးနွေးပါမယ်။

သူတို့ကို မြန်မာပြည်ဘက် ပြန်ပို့ရေး ဆွေးနွေးမှာပါလို့ ကယ်ဆယ်ရေးနှင့် ဒုက္ခသည် ပြန်လည်ပို့ဆောင်ရေး ကော်မရှင်မင်းကြီး မိုဟာမက် အဘူလ် ကလမ်က မနေ့က ပြောခဲ့ပါတယ်။ သူတို့ (မွတ်စလင်) တွေက ဇီရိုးလိုင်းပေါ်မှာ ရှိပါတယ်၊ တကယ်က မြန်မာဘက် ပိုရောက်ပါတယ်လို့ သူက ပြောပါတယ်။

အဲဒီ နယ်စပ် ဇီးရိုးလိုင်းအနီး ဂွန်ဒွန်လို့ ခေါ်တဲ့ နေရာမှာ နှစ်နိုင်ငံ ကိုယ်စားလှယ်တွေ တွေ့ကြမှာ ဖြစ်တယ်လို့ မစ္စတာ ကလမ်က ပြောပါတယ်။ ဒုက္ခသည်တွေ ဆန္ဒမပါဘဲ အတင်းအကျပ် ပြန်ပို့ရေး လုပ်ဆောင်မှာ မဟုတ်တဲ့အတွက် ဒီဆွေးနွေးမှုမှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ပါဝင်မှာ မဟုတ်ပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)