ျမန္မာ့ဆင္ေတြ ကာကြယ္ေရး ‘မိုမို’ လႈပ္ရွားမႈ ျပဳလုပ္

0
926

ျမန္မာႏိုင္ငံမွာ လက္က်န္ရွိေနတဲ့ ဆင္ေတြကို ကာကြယ္ေရး အသိပညာေပးလႈပ္ရွားမႈ ျဖစ္တဲ့ ‘မိုမို’ ကို လုပ္ေဆာင္ဖို႔ အကာအကြယ္ေပးေရးအဖြဲ႕ေတြနဲ႔ သဘာဝ ပတ္ဝန္းက်င္ ထိန္းသိမ္းေရးအဖြဲ႕တို႔ ပူးေပါင္း လုပ္ေဆာင္ေနပါတယ္။

‘မိုမိုအတြက္ အသံမ်ား’ လႈပ္ရွားမႈမွာ ဆင္ေတြအပါအဝင္ ေတာ႐ိုင္းတိရစာၦန္ေတြရဲ႕ ကိုယ္ခႏၶာအစိတ္ပိုင္းေတြ တရားမဝင္ ကုန္သြယ္မႈ တိုက္ဖ်က္ေရး လံႈ႔ေဆာ္ၾကပါတယ္။ ဒါ့အျပင္ ဆင္မုဆိုးေတြအေနနဲ႔ ဆင္ေတြကို သတ္ၿပီး သက္ေမြးဝမ္းေက်ာင္း လုပ္စရာမလိုေအာင္ တျခားနည္းလမ္းေတြ အေကာင္အထည္ ေဖာ္ေပးဖို႔ကိုလည္း အစိုးရကို ေတာင္းဆိုထားပါတယ္။

ျမန္မာႏိုင္ငံမွာ ေတာဆင္႐ိုင္း အေရအတြက္ ၁၄၀၀ ကေန ၂၀၀၀ ၾကား ရွိမယ္လို႔ ခန္႔မွန္းၾကပါတယ္။ တစ္ပတ္ကို ဆင္တစ္ေကာင္ႏႈန္း အသတ္ခံေနရၿပီး အခုလို သတ္ျဖတ္မႈေတြကို မရပ္တန္႔ႏိုင္ဘူးဆိုရင္ ဆယ္စုႏွစ္ ႏွစ္ခုအတြင္း ျမန္မာႏိုင္ငံက ေတာဆင္႐ိုင္းေတြ ေပ်ာက္ကြယ္သြားႏိုင္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာ့ဆင်တွေ ကာကွယ်ရေး ‘မိုမို’ လှုပ်ရှားမှု ပြုလုပ်

မြန်မာနိုင်ငံမှာ လက်ကျန်ရှိနေတဲ့ ဆင်တွေကို ကာကွယ်ရေး အသိပညာပေးလှုပ်ရှားမှု ဖြစ်တဲ့ ‘မိုမို’ ကို လုပ်ဆောင်ဖို့ အကာအကွယ်ပေးရေးအဖွဲ့တွေနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်နေပါတယ်။

‘မိုမိုအတွက် အသံများ’ လှုပ်ရှားမှုမှာ ဆင်တွေအပါအဝင် တောရိုင်းတိရစ္ဆာန်တွေရဲ့ ကိုယ်ခန္ဓာအစိတ်ပိုင်းတွေ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး လှုံ့ဆော်ကြပါတယ်။ ဒါ့အပြင် ဆင်မုဆိုးတွေအနေနဲ့ ဆင်တွေကို သတ်ပြီး သက်မွေးဝမ်းကျောင်း လုပ်စရာမလိုအောင် တခြားနည်းလမ်းတွေ အကောင်အထည် ဖော်ပေးဖို့ကိုလည်း အစိုးရကို တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ တောဆင်ရိုင်း အရေအတွက် ၁၄၀ဝ ကနေ ၂၀ဝ၀ ကြား ရှိမယ်လို့ ခန့်မှန်းကြပါတယ်။ တစ်ပတ်ကို ဆင်တစ်ကောင်နှုန်း အသတ်ခံနေရပြီး အခုလို သတ်ဖြတ်မှုတွေကို မရပ်တန့်နိုင်ဘူးဆိုရင် ဆယ်စုနှစ် နှစ်ခုအတွင်း မြန်မာနိုင်ငံက တောဆင်ရိုင်းတွေ ပျောက်ကွယ်သွားနိုင်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)