
0
914




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်ပြည်နယ်မှာ မီဒီယာတွေကို သတင်းရယူခွင့်ပေးရေး ဆာသီရာထိုင်း တိုက်တွန်း

ရခိုင်ပြည်နယ်မှာ မီဒီယာသမားတွေကို လွတ်လပ်စွာ သွားခွင့်ပြုတာဟာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနဲ့ ယုံကြည်မှု တည်ဆောက်ရေးအတွက် အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်တယ်လို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ ဦးဆောင်သူ ပါမောက္ခ ဒေါက်တာ ဆူရာကီရတ် ဆာသီရာထိုင်းက ပြောပါတယ်။

မီဒီယာတွေ သတင်းရယူနိုင်တာ မရှိရင် ရခိုင်ပြည်နယ်မှာ လက်တွေ့ အဖြေရှာရေး အောင်မြင်မှုဆိုတာ မရှိနိုင်ဘူး၊ မီဒီယာတွေ သတင်းရယူနိုင်ရေး လုပ်ဆောင်ပေးရမယ်လို့ သူက ဘန်ကောက်ပို့စ် သတင်းစာကို ပြောပါတယ်။

မီဒီယာတွေ သတင်းရယူနိုင်ရေး ဆက်လက် လုပ်ဆောင်ပေးဖို့ မြန်မာအစိုးရကို အလေးအနက် တိုက်တွန်းလိုပါတယ်၊ ပြည်တွင်း မီဒီယာရော ပြည်ပ မီဒီယာကိုရောပါလို့ ဒေါက်တာ ဆာသီရာထိုင်းက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)