ကော့သောင်းမှာ မိဘမဲ့ကလေးနှစ်ဦးကို ရောင်းစားဖို့ သွေးဆောင်သူတွေ ဖမ်းမိ

0
250

တနင်္သာရီတိုင်းဒေသကြီး၊ ကောသောင်းမြို့မှာ မိဘမဲ့ကလေးနှစ်ဦးကို ရောင်းစားဖို့ သွေးဆောင်ဖြားယောင်းခဲ့သူတွေကို ဒီကနေ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ ဖမ်းဆီးခဲ့ပါတယ်။

ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာ၊ ရွှေတောင်ဦး မိဘမဲ့ ပရဟိတကျောင်းက ကျောင်းသားနှစ်ဦးဖြစ်တဲ့ မောင်စိုင်းသီဟနဲ့ မောင်သီဟတို့နှစ်ဦး ပျောက်ဆုံးသွားခဲ့တာကြောင့် လိုက်လံစုံစမ်းရှာဖွေရာမှာ အခြားကျောင်းသား သုံးဦးနဲ့အတူ ကျောင်းအနီက ကိုပြူးရဲ့နေအိမ်မှာ ခေတ္တ ရောက်ရှိနေတဲ့ အလီ(ခ) စိုးနိုင် (၃၄)နှစ်နဲ့ စန်းဝင်း(၅၀ နှစ်)တို့ဆီ အတူ လိုက်ပါသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် ဆက်လက်ရှာဖွေရာမှာ ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက်ရှိ ဦးဝင်းလှိုင်ရဲ့ ပြုပြင်ဖို့ ကုန်းပေါ်တင်ထားတဲ့ လှေတစ်စင်းပေါ်မှာ သူတို့ကို ရှာတွေ့ခဲ့ပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖြားယောင်းသူ အလီ(ခ)စိုးနိုင်နဲ့ စန်းဝင်းတို့ကို ဦးလွင်က တရားလို လုပ်ပြီး တိုင်တန်းခဲ့တာကြောင့် ကော့သောင်း မြို့မရဲစခန်းက (ပ)၃၀၀/၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ ၃၆၃/၃၆၇/၅၁၁ အရ အရေးယူဆောင်ရွက်လျက် ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)