ပဲခူးမြို့မှာ ဗိမာန်ရှင် နာရေးကူညီမှုအသင်းရဲ့ ဗိမာန်ရှင် စာကြည့်တိုက် ဖွင့်လှစ်

0
335

ပဲခူးမြို့၊ မဇင်းရပ်ကွက်မှာ တိဿလမ်းမှာ ဗိမာန်ရှင် နာရေးကူညီမှုအသင်းရဲ့ စာကြည့်တိုက်သစ် ဖေဖော်ဝါရီ ၁၉ ရက်နေ့က ဖွင့်လှစ်ခဲ့ပါတယ်။

အဲဒီ ဗိမာရှင်စာကြည့်တိုက်ဟာ မဇင်းရပ်ကွက်၊ တိဿလမ်းရှိ ပညာ့ဗိမာန်ကျောင်းဆောင်ရဲ့ မြေညီထပ်မှာ ဖွင့်လှစ်ထားတာဖြစ်ပြီး သုတ၊ ရသ၊ စာအုပ်စာပေနဲ့ သတင်းစာ၊ ဂျာနယ်၊ အထုပ္ပတ္တိစာအုပ် စတဲ့ စာအုပ်ပေါင်း ၄၀၀ ကျော် ရှိနေတာ ဖြစ်ပါတယ်။

စာကြည့်တိုက်ဖွင့်လှစ်ထားတဲ့ ပညာဗိမာန်ကျောင်းဆောင်ဟာ အလျား ပေ ၇၀၊ အနံ ပေ ၃၀ ရှိပြီး အလှူရှင်တွေရဲ့ လှူဒါန်းငွေ ကျပ် သိန်း ၁၂၀၀ နဲ့ မတည် ဆောက်လုပ်ထားတဲ့ သုံးထပ်ကျောင်းဆောင် ဖြစ်ပါတယ်။

စာကြည့်တိုက်ဖွင့်ပွဲကို ဗိမာန်ရှင်အသင်း ဥက္ကဋ္ဌ ဦးသက်နိုင်က အဖွင့်အမှာစကား ပြောကြားပြီး စာကြည့်တိုက်ဖြစ်မြောက်ရေး အကျိုးတော်ဆောင် ဦးဌေးအောင်က ဗိမာန်ရှင်စာကြည့်တိုက်နဲ့ ပတ်သက်ပြီး ဆက်လက်ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဗိမာန်ရှင် နာရေးကူညီမှုအသင်း၊ ပညာရေး ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာ ကျော်စိုးက စာကြည့်တိုက်ကို ဖွဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

အခု စာကြည့်တိုက်ဖွင့်လှစ်ပြီးနောက်မှာ ကျောင်းရဲ့ ပထမထပ်မှာ ယဉ်ကျေးလိမ္မာ သင်တန်းဖွင့်လှစ်ဖို့နဲ့ ဓမ္မသဘင်ပွဲ ကျင်းပဖို့ရှိသလို ဒုတိယထပ်မှာ ကွန်ပျူတာသင်တန်းနဲ့ တက္ကသိုလ်ဝင်တန်း အခမဲ့ပညာဒါန သင်တန်းဖွင့်လှစ်ဖို့လည်း ရှိနေပါတယ်။

ဖြိုးကိုလင်း (ညောင်ဝိုင်း)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)