မြင်းခြံမြို့က ဒီဂရီကောလိပ်ကျောင်းသား ကျောင်းထုတ်ခံရမှုနဲ့ ပတ်သက်ပြီး ဆန္ဒပြမှုတွေ ဖြစ်နေ

0
288

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့က ဒီဂရီကောလိပ်ကျောင်းသား စတုတ္ထနှစ် ဓာတုဗေဒတက်နေတဲ့ ခိုင်မြဲစံကို ပြင်ပလူမှုရေး ကိစ္စတစ်ခုကြောင့် ဖေဖော်ဝါရီလ(၁၄)ရက်နေ့က ကျောင်းထုတ်လိုက်တယ်လို့ ကာယကံရှင် ခိုင်မြဲစံက MCN သတင်းဌာနရဲ့ ဆက်သွယ်မေးမြန်းစဉ်မှာ အခုလို ပြောဆိုခဲ့တာပါ။

ခိုင်မြဲစံဟာ ဖေဖော်ဝါရီ (၁၀)ရက်နေ့က ကျောင်းထဲမှာ ရုက္ခဗေဒနဲ့ ဓာတုဗေဒ ကျောင်းသားတွေ စုပေါင်းပြီး ဘောလုံးကန်ခိုင်းရာကနေ အပြန်အလှန် စကားများရန်ဖြစ်ခဲ့ပြီးနောက် ကျောင်းပြင်ပမှာရှိတဲ့ ရွှေပန်းတိုင်ဆိုတဲ့ အဆောင်အမှူးက သူ့ကို ဖမ်းဆီးချုပ်နှောင်ပြီး ရဲခေါ်ဖမ်းခိုင်းခဲ့တာကြောင့် ခိုင်မြဲစံ ရဲ့ ဆိုင်ကယ်သော့ချိတ်ဓားနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် အဲဒီအဆောင်ပိုင်ရှင်ရဲ့လက်မှာ အနည်းငယ် ထိမိသွားတာလည်း ဖြစ်ပါတယ်။

ကိုခိုင်မြဲစံကို ကျောင်းဂုဏ်သိက္ခာညှိုးနွမ်းတယ်ဆိုပြီး ဖေဖော်ဝါရီ (၁၄)ရက်နေ့က စပြီး ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှာ ပညာသင်ကြားခွင့်မပေးတော့ဘဲ ကျောင်းထုတ်ခံခဲ့ရတယ်လို့လည်းဆိုပါတယ်။ ကိုခိုင်မြဲစံကတော့ ကျောင်းထုတ်တာမျိုး မလိုချင်ဘဲ သူ့ကို ခေါ်ယူသတိပေးတာမျိုးပဲ ဖြစ်စေချင်ခဲ့တဲ့အတွက် အခုလို ကျောင်းထုတ်လိုက်တဲ့လုပ်ရက်ဟာ သူရှေ့ဆက်လှမ်းမယ့် အနာဂါတ်ကို ရိုက်ချိုးပစ်လိုက်သလိုပဲလို့ ဆိုပါတယ်။

ဒ္ဒခိုင်မြဲစံ ကျောင်းထုတ်ခံရမှုနဲ့ ပက်သက်လို့ ဒီကနေ့ ဖေဖော်ဝါရီလ(၂၀)ရက်နေ့မှာ မြင်းခြံဒီဂရီကောလိပ်ကျောင်းရှေ့မှာ ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)