ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းရဲနွယ်ဆည်ရေပိုလွှဲအနီး တရားမဝင် ကျွန်းသစ်တွေ ဖမ်းမိ

0
326

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းရဲနွယ်ဆည်ရေပိုလွှဲအနီးမှာ တရားမဝင်ကျွန်းသစ်တွေ တင်လာတဲ့ စက်လှေ လေးစင်းကို ဖေဖော်ဝါရီ ၁၈ ရက်နေ့က ဖမ်းဆီးရမိခဲ့ပါတယ်။

ပဲခူးတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရဲ့ လမ်းညွှန်ချက်နဲ့ ကျောက်တံခါးမြို့နယ် သစ်တောဦးစီးအရာရှိ ဦးကျော်ကျော်အောင် တောအုပ်ထိန်လင်းနဲ့ သစ်တောဝန်ထမ်းတွေ၊ သစ်တွေလုံခြုံရေး ရဲတပ်ဖွဲ့က ရဲအရာခံ ဘထွန်းဦးအပါအဝင် ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး ရဲနွယ်ဆည်ရေပိုလွှဲအနီးမှာ ဂျင်ဒေါင်း ၂၅ ကောင် အင်ဂျင်တပ် စက်လှေ လေးစင်းနဲ့အတူ ကျွန်းသစ်ခွဲသားဆိုက်စုံ ၁၃၀ ချောင်း ၄.၁၉၄၄ တန် တောင်ပိန်းခွဲသား၁၃ ချောင်း ၁.၁၆၉၈ တန်၊ စုစုပေါင်း သစ်ခွဲသား ၁၄၃ ချောင် ၅.၃၆၂၄ တန်ကိုပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့တာပါ။

ဖမ်းမိတဲ့ စက်လှေနဲ့ သစ်တွေကို ကျောက်တံခါးမြို့နယ် မြို့ချောင်း ရေပိုလွှဲပိတ်ဆို့ရေးစခန်းကို သယ်ယူပြီး သစ်ခိုးထုတ်သယ်ယူတဲ့ အဖွဲ့ကို စုံစမ်းရှာဖွေဖော်ထုတ်မှုတွေ ပြုလုပ်ကာ သစ်တောဦးစီးဌာက ဥပဒေနဲ့အညီ တရားစွဲသွားမယ်လို့ ပြောပါတယ်။

ဖြိုးကိုလင်း (ညောင်ဝိုင်း)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)