ဝမ်ပေါင်ကျောက်ထုတ်လုပ်မှု ရပ်ဆိုင်းပေးဖို့ မင်းတောရွာ ဒေသခံတွေ တောင်းဆို

0
302

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် မင်းတောရွာမှာ ၀မ်ပေါင်ကုမ္ပဏီက ဆယ်စုနှစ်နီးပါး ကျောက်ထုတ်လုပ်နေတာကြောင့် ကျောက်ဆက် မထုတ်ဖို့ မင်းတောရွာ ဒေသခံတွေက တောင်းဆိုလိုက်တယ်။

ဝမ်ပေါင်ကုမ္ပဏီက မင်းတောရွာမှာ ကျောက်ထုတ်နေမှုကြောင့် ရွာသားတွေစိုက်ပျိုးထားတဲ့ သီးနှံ စိုက်ခင်းတွေ အများအပြား ပျက်စီးမှုတွေရှိနေပြီး ရွာသားတွေက ကျောက်ထုတ်လုပ်ခွင့် စာရွက်စာတမ်း ပြသဖို့တောင်းဆိုခဲ့ပေမယ့် ၀မ်ပေါင်ကုမ္ပဏီဘက်က အခုထိ ပြသတာမျိုး မရှိသေးဘူးလို့လည်း မင်းတောအုပ်ချုပ်ရေးမှုး ဦးမြင့်စိုးက MCN သတင်းဌာနကို ပြောပါတယ်။

အဲဒီကျောက်ထုတ်လုပ်နေတဲ့ မင်းတောရွာမှာ ၀မ်ပေါင်ကုမ္ပဏီရဲ့လက်အောက်ခံ ကျောက်ထုတ်လုပ်နေကြတဲ့ အသေးစားကုမ္ပဏီ တချို့လည်း ကျောက်ထုတ်လုပ်နေတယ်လို့လည်း ဆိုပါတယ်။ ၀မ်ပေါင်ကုမ္ပဏီက ရွာဖွံ့ဖြိုးရေးအတွက် ကျောက်တစ်ကျင်းကို ကျပ်ငွေ(၃၀၀)နှုန်းအထိ ပေးထားတယ်လို့ နယ်မြေခံအာဏာပိုင်တွေကို တင်ပြထားပေမယ့် အဲဒီပိုက်ဆံဟာ မင်းတောရွာအတွက် လုံးဝရရှိတာမျိုး မရှိသေးဘူးလို့လည်း မင်းတောအုပ်ချုပ်ရေးမှူး ဦးမြင့်စိုးက ပြောပါတယ်။

ဆားလင်းကြီးမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုနိုင်ကတော့ ဒီကျောက်ထုတ်လုပ်မှုဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုတွေ စဉ်ဆက်မပြတ် ရှိနေတဲ့အတွက် ကျောက်ဆက်မထုတ်လုတ် သင့်ဘူးလို့လည်းဆိုပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)