Fatherland ဆောက်လုပ်ရေးပိုင်ရှင် ဦးကျော်မြင့်ကို ထောင်ဒဏ် ငါးနှစ် ချမှတ်

0
287

၂၀၁၄ ဒီဇင်ဘာလက တရားစွဲခံထားရတဲ့ Fatherland ဆောက်လုပ်ရေးပိုင်ရှင် ဦးကျော်မြင့်ကို ဒီကနေ့ ဖေဖော်ဝါရီ ၂၀ ရက်မှာ အလုပ်နဲ့ ထောင်ဒဏ် ၅ နှစ် ကျခံဖို့ လသာတရားရုံးက အမိန့်ချလိုက်တယ်ပါတယ်။

Fatherland ဆောက်လုပ်ရေးပိုင်ရှင် ဦးကျော်မြင့်ကို လိမ်လည်မှု ယုံကြည်မှုကိုအလွဲသုံးစားလုပ်မှု ပုဒ်မ ၄၂၀ နဲ့ ၅နှစ် ပုဒ်မ ၄၆၈ အတွက် ၅ နှစ် တစ်ပေါင်းတည်း ကျခံဖို့ အမိန့်ချလိုက်တာပါ။

ဦးကျော်မြင့်ကို တရားရုံးသုံးခုမှာ လူအများက တရားစွဲဆိုထားတာဖြစ်ပြီး ပန်းဘဲတန်းနဲ့ ကျောက်တံတားတရားရုံးတွေမှာလည်း တရားစွဲဆိုထားတာကိုတော့ အမိန့်ချမှတ်ဖို့ ကျန်ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)