နယ်စပ်က ဒေသခံမွန်တိုင်းရင်းသားတွေ ထိုင်းဘက်မှာ ဒုက္ခသည်အဖြစ် သွားရောက်ခိုလှုံနေ

0
336

တပ်မတော်နဲ့ မွန်လက်နက်ကိုင်အဖွဲ့တွေကြား ပြီးခဲ့တဲ့ရက်ပိုင်းက တင်းမာမှုတွေ ဖြစ်ပွားခဲ့တာကြောင့် ဒေသခံ မွန်တိုင်းရင်းသား ၁၅၀ လောက်ဟာ ထိုင်းနိုင်ငံထဲက ကချနာဘူရီပြည်နယ်ထဲမှာ ဒုက္ခသည်အဖြစ် ခိုလှုံနေကြရပါတယ်။

သွားရောက်ခိုလှုံနေတဲ့ မွန်တိုင်းရင်းသားတွေထဲမှာ အမျိုးသား ၅၃ ဦးနဲ့ အမျိုးသမီး ၉၆ ဦးပါဝင်ပြီး အဲဒီထဲမှာ ၂၇ ဦးက အရွယ်မရောက်သေးတဲ့ ယောက်ျားလေးတွေဖြစ်ပြီး ၃၇ ဦးကတော့ အရွယ်မရောက်သေးတဲ့ မိန်းကလေးတွေ ဖြစ်တယ်လို့ သတင်းရင်းမြစ်တစ်ခုက ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ပြောပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက်နေ့ကတည်းက နယ်စပ်ကနေတစ်ဆင့် ထိုင်းနိုင်ငံထဲကို ဝင်ရောက်တိမ်းရှောင်နေသူတွေဟာ အယောက် ၁၆၀ လောက်ရှိပြီး ဆန်ခလာဘူရီ ခရိုင်ထဲက ဝပ်ဆောင်ကာရီယာထရိုင်နီမစ်ဝါနာရမ် ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေကြတာ ဖြစ်ပါတယ်။

တင်းမာမှုတွေ ပြန်လည်တည်ငြိမ်သွားပြီးနောက်မှာ ခိုလှုံသူတွေထဲက တချို့က နေရပ်ကို ပြန်ကြပေမဲ့ တချို့ကတော့ အခြေအနေတွေ ပြန်ဆိုးလာမှာစိုးတာကြောင့် လာရောက်ခိုလှုံနေတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)