မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးမင်းမင်းကို ချီးကျူးစရာကောင်းတယ်လို့ ဦးဝင်းထိန် ပြောကြား

0
292

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦီးမင်းမင်းဟာ သူသဘောနဲ့သူ သိက္ခာရှိရှိထွက်သွားတယ်။ သတ္တိရှိရှိ ထွက်သွားတယ်။ အဲလို ထွက်တဲ့အခါမှာ ဘယ်သူမှ မပုတ်ခတ်ဘူး။ ဘယ်သူမှ အပြစ်မတင်တဲ့အခါမှာ အဲဒီလူဟာ ချီးကျူးစရာအရမ်းကောင်းတယ်လို့ ဦးဝင်းထိန်က ပြောကြားလိုက်ပါတယ်။

ဦးဝင်းထိန်က ဒီကနေ့မနက်မှာ သတင်းမီဒီယာတွေနဲ့ တွေဆုံချိန်မှာ အခုလိုပြောကြားလိုက်တာပါ။ ဒါ့အပြင် အခုလိုမွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းကို ထုတ်ပယ်လိုက်ရတာဟာ ပြည်သူတွေရဲ့ တိုင်ကြားစာတွေကြောင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီး အခုလို ရာထူးမှ ထုတ်ပယ်လိုက်တာပါ။

လက်ရှိမှာတော့ ဒေသခံပြည်သူအချို့ ဝန်ကြီးချုပ်ဦးမင်းမင်းကို ရာထုးမှမနှုတ်ထွက်ဖို့ တောင်းဆိုမှုတွေလည်း ရှိနေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)