၂၁ ရာစု ပင်လုံညီလာခံကနေ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုအဖြစ် လျှောက်လှမ်းနိုင်မယ်လို့ သမ္မတ ဦးထင်ကျော် ပြောကြား

0
334

တိုင်းရင်းသားပြည် သူတွေ နှစ်ပေါင်း များစွာမျှော်လင့် တောင့်တနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အတွက်-(၂၁)ရာစု ပင်လုံညီလာခံကတစ်ဆင့် လျှောက်လှမ်းနိုင်မှာဖြစ်တယ်လို့ နိုင်ငံတော်သမ္မတကြီး ဦးထင်ကျော်က ပြောကြားလိုက်ပါတယ်။

နိုင်ငံတော်သမ္မတဦးထင်ကျော်က ဖေဖော်ဝါရီလ ၂ဝ ရက်ဒီကနေ့မှာ ကျရောက်တဲ့ (၆၉)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ အခုလိုပြောကြားလိုက်တာပါ။ ဒါ့အပြင် ချင်းပြည်နယ်မှာ ကျင်းပတော့မယ့် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အလွှာပေါင်းစုံ၊ အစုအဖွဲ့ပေါင်းစုံ ပါဝင်နိုင်ကြမှာဖြစ်တဲ့အတွက် ဝမ်းမြောက်ကြောင်းပြောကြားပါတယ်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေက တစ်ဆင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ အောင်မြင်ဖို့၊ တိုင်းရင်းသားတွေ လိုလားတောင့်တနေတဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံချက်ပေးနိုင်မယ့် ဖက်ဒရယ်စနစ် ထွက်ပေါ်လာရေး၊ ပြည်ထောင်စုမျှော်မှန်းချက် ပြည့်ဝအောင်မြင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ပြီင်္း အဲဒီလိုဆောင်ရွက်ရာ မှာ ချင်းပြည်နယ်အတွင်းမှာရှိတဲ့ တိုင်းရင်းသားပြည်သူတွေ အားလုံး ကလည်း စည်းလုံးညီညွတ်စွာနဲ့ ဝိုင်းဝန်း ပါဝင်ဆောင်ရွက်သွားကြဖို့ တိုက်တွန်းတယ်လို့ သဝဏ်လွှာမှာဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)