ကညွတ်ကွင်းမှာ အများပြည်သူ လှူဒါန်းငွေနဲ့ အရေးပေါ် လူနာတင်ယာဉ်တစ်စီး ဝယ်ယူ

0
259

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့မှာ အများပြည်သူတွေ လှူဒါန်းတဲ့ ရန်ပုံငွေနဲ့ အရေးပေါ် လူနာတင်ယာဉ်တစ်စီး ဝယ်ယူခဲ့ပါတယ်။

အဲဒီ လူနာယာဉ် ဖွင့်ပွဲနဲ့ လူနာတင်ယာဉ်ဝယ်ရာမှာ အလှူငွေထည့်ဝင်ခဲ့သူတွေကို ဂုဏ်ပြုမှတ်တမ်းပေးအပ်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ကညွတ်ကွင်းမြို့ အောင်တော်မူခန်းမမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

အခမ်းအနားကို အစီအစဉ်ကို ၇ ရပ်နဲ့ကျင်းပပြီး ကညွတ်ကွင်းဒေသခံတွေနဲ့ ကညွတ်ကွင်းမြို့ တိုက်နယ်ဆေးရုံက ဆေးရုံအုပ်ကြီး၊ တာဝန်ရှိသူတွေ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

Ambulance ဆိုတာရဲ့သဘောတရားကတော့ အရေးပေါ်လူနာတင်ယာဉ်ပေါ့။ သင်္ဘောဖြစ်ချင်ဖြစ်မယ်၊ လှည်းလည်း ဖြစ်နိုင်တယ်။ အဓိကကတော့ လူနားကို အရေးပေါ်ပို့ဆောင်တဲ့ ယာဉ်ပေါ့။ အဲဒီတော့ လူနာတင်ယာဉ်အဖြစ် သတ်မှတ်ပြီးရင်တော့ ယာဉ်ပေးမှာ အထူးဂရုစိုက်ရပါမယ်။ အချိန်ရှိတိုင်း ယာဉ်ရဲ့ ကြံ့ခိုင်မှုကို စစ်ဆေးနေရပါမယ်။ ပြီးတာ့ အခုယာဉ်ဟာဆို တကယ့်အဆင့်မီတဲ့ ယာဉ်တစ်စီးဖြစ်တဲ့အတွက် ဝိုင်းဝန်းထိန်းသိမ်းပေးကြပါ”လို့ ကညွတ်ကွင်း တိုက်နယ်ဆေးရုံအုပ်ကြီး ဒေါက်တာ မောင်မောင်မြတ်ဗိုလ်သူက အခမ်းအနား ပြောကြားခဲ့ပါတယ်။

အဲဒီ လူနာတင်ယာဉ်ကို ဝယ်ယူဖို့နဲ့ စေတနာမွန် ကျန်းမာရေးအသင်းကို အဖွဲ့ဝင် ၂၂ ဦးနဲ့ ဖွဲ့စည်းခဲ့ပြီး ငါးလခန့်ကြာအောင် ရန်ပုံငွေစုဆောင်းခဲ့ရတာပါ။ လူနာတင်ယာဉ်ဝယ်ယူဖို့နဲ့ ပြုပြင်မွမ်းမံစရိတ် စုစုပေါင်း သိန်း ၂၀၀ ခန့် ကုန်ကျခဲ့ပါတာ ဖြစ်ပါတယ်။

ဖြိုးကိုလင်း (ညောင်ဝိုင်း)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)