ဟိန္ဒားသတ္ထုတူးဖော်ရေး လုပ်ငန်းခွင်မှာ ဒေသခံအမျိုးသမီးတစ်ဦး စက်ထဲပြုတ်ကျ သေဆုံး

0
302

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် မေတ္တာမြို့နယ်ခွဲ ဟိန္ဒားကျေးရွာ ဟိန္ဒားသတ္ထုတူးဖော်ရေး လုပ်ငန်းခွင်မှာ အမျိုးသမီးတစ်ဦး လုပ်ငန်းခွင် (ဆိုဒ်ဘီ)ထဲမှာ ပြုတ်ကျသေဆုံးခဲ့တယ်လို့ နယ်မြေခံတွေက MCN သတင်းဌာနကို အတည်ပြုပြောပါတယ်။

သေဆုံးနေတဲ့ ရုပ်အလောင်းကို ကနဦးတွေ့ရှိတဲ့သူတွေ ပြောကြားချက်အရ ခန္ဓာကိုယ်အပေါ်ပိုင်းက အ၀တ်တွေမပါဘဲ ဗြောင်ရှင်းရှင်းလင်းလင်းနဲ့ တွေ့ခဲ့တာလို့လည်း ဆိုပါတယ်။

သေဆုံးခဲ့တဲ့ ရုပ်အလောင်းနဲ့ ပက်သက်ပြီး ဒေသခံတွေနဲ့ ဟိန္ဒားသတ္ထုတူးဖော်ရေး ကုမ္ပဏီတို့ကြား သံသယတွေ ဖြစ်နေတယ်လို့လည်း ပြောပါတယ်။ သေဆုံးခဲ့တဲ့အမျိုးသမီးဟာ အောက်ဟိန္ဒား (၉) ရပ်ကွက်နေမှာ နေထိုင်သူ တစ်ဦးလို့လည်း နယ်မြေခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)